ဖားကန့်မှာ လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံထိခိုက်ဒဏ်ရာရရှိမှုရှိ

ဖားကန့်မှာ လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံထိခိုက်ဒဏ်ရာရရှိမှုရှိ
Photo credit - CJ
Photo credit - CJ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ နေရာအများပိုင်းမှာ ဒီကနေ့ နေ့လယ်တစ်နာရီခွဲခန့်မှာ စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ထိခိုက်ဒဏ်ရာ ရရှိတာတွေ ရှိတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုတွေရှိနေတဲ့ လုံးခင်းကျေးရွာအနီးတစ်ဝိုက်နဲ့ KIA တပ်ရင်း ၆ ရှိ နေရာတွေဘက်ကို စစ်ကော်မရှင်တပ်က Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ KIA နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“တပ်ရင်း(၆)ဘက်လည်း ချတယ်။ မော်မောင်းဘွမ်း ဘုန်းကြီးကျောင်းဘက်လည်း ချတယ်။ ၄၅ မိနစ်ကြာတယ်။ ကထန်ကွက်သစ်မှာလည်း ချသွားတယ်”လို့ အထက်ပါအမျိုးသား ပြောပါတယ်။

စစ်ကော်မရှင် Y12 လေယာဉ်နဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်ဆိုပေမဲ့ အကြိမ်အရေအတွက် အတိအကျကိုတော့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

ကထန်မှော် ကွက်သစ်မှာလည်း စစ်ကော်မရှင်တပ်ရဲ့ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ နေအိမ်တစ်အိမ်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်အပါအဝင် ဒေသခံပြည်သူ ထိခိုက်တာတွေရှိနေတယ်လို့ ဖားကန့်ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာဘက်မှာတော့ စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ ကြား စစ်ရေးအခြေအနေ တင်းမာနေတာ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့က မှော်စီစာကျေးရွာနဲ့ လုံးခင်းကျေးရွာကြားမှာ KIA/KPDF ပူးပေါင်းတပ်တွေ ထောင်ထားတဲ့မိုင်းမိပြီး စစ်ကော်မရှင်ဘက်က နှစ်ဦး ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့ကလည်း မှော်စီစာလမ်းမကြီးအနီးနဲ့ ဂေါက်ကွင်းအနီးမှာ စစ်ကော်မရှင်ကား မိုင်းခွဲခံရပြီး အနီးမှာ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။

ဖားကန့်ဒေသမှာ စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးမှုရအောင် စစ်ကြောင်းထိုး လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့အတွက် KIA/KPDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

Most read this week

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...