လေကြောင်းရန်ကြောင့် ထန်တလန်မြို့နယ်အတွင်းရှိ ကျောင်းအားလုံး ပိတ်ထားဖို့ CDF – Thantlang ထုတ်ပြန်

လေကြောင်းရန်ကြောင့် ထန်တလန်မြို့နယ်အတွင်းရှိ ကျောင်းအားလုံး ပိတ်ထားဖို့ CDF – Thantlang ထုတ်ပြန်

စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းတွေ အားလုံး အကန့်အသတ်မရှိ ပိတ်ထားဖို့ CDF –Thantlang ရဲ့ ပညားရေးဌာနက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ နေ့စဉ် လူနေအိမ်နှင့် စာသင်ကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အခုလို စာသင်ကျောင်းတွေ အားလုံးပိတ်ဖို့ လုပ်ဆောင်ရတာလို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း ဟားခါးမြို့နယ် ဗန်ဟားကျေးရွာရှိ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား ၂ ဦးသေဆုံးခဲ့ပြီး လူအမြောက်အများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ အောက်တိုဘာလအတွင်း ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို တောက်လျှောက် လုပ်လာနေတာကြောင့် လူထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...