လေကြောင်းရန်ကြောင့် ထန်တလန်မြို့နယ်အတွင်းရှိ ကျောင်းအားလုံး ပိတ်ထားဖို့ CDF – Thantlang ထုတ်ပြန်

လေကြောင်းရန်ကြောင့် ထန်တလန်မြို့နယ်အတွင်းရှိ ကျောင်းအားလုံး ပိတ်ထားဖို့ CDF – Thantlang ထုတ်ပြန်

စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းတွေ အားလုံး အကန့်အသတ်မရှိ ပိတ်ထားဖို့ CDF –Thantlang ရဲ့ ပညားရေးဌာနက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ နေ့စဉ် လူနေအိမ်နှင့် စာသင်ကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အခုလို စာသင်ကျောင်းတွေ အားလုံးပိတ်ဖို့ လုပ်ဆောင်ရတာလို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း ဟားခါးမြို့နယ် ဗန်ဟားကျေးရွာရှိ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား ၂ ဦးသေဆုံးခဲ့ပြီး လူအမြောက်အများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ အောက်တိုဘာလအတွင်း ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို တောက်လျှောက် လုပ်လာနေတာကြောင့် လူထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...