ကလေးအကျဉ်းထောင်မှာ အကျဉ်းသားတွေ အရေးပေါ်ဆေးကုသခွင့်အတွက် ထောင်အာဏာပိုင်တွေကို ငွေကြေးလာဘ်ပေးနေရဟုဆို

ကလေးအကျဉ်းထောင်မှာ အကျဉ်းသားတွေ အရေးပေါ်ဆေးကုသခွင့်အတွက် ထောင်အာဏာပိုင်တွေကို ငွေကြေးလာဘ်ပေးနေရဟုဆို
Photo credit - PPNM
Photo credit - PPNM

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက် ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေရဲ့ အရေးပေါ်ဆေးကုသခွင့်အတွက် ထောင်အဏာပိုင်တွေက ငွေကြေးလာဘ်ပေး လာဘ်ယူမှုတွေနဲ့သာ ခွင့်ပြုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အရေးပေါ်ဆေးကုသခွင့်အတွက် တစ်ကြိမ်လျှင် ကျပ်ငွေ ၅ သိန်းကနေ သိန်း ၂၀ ကြားပေးဆောင်နေကြရပြီး ရံဖန်ရံခါ ထောင်အာဏာပိုင်တွေရဲ့ KTV ဖိုးကိုပင် ပေးဆောင်မှသာ ပြင်ပဆေးဝါးကုသခွင့် ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတဲ့အကြောင်း PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ဆေးဝါးကုသခွင့်မရတဲ့ အခြေအနေတွေကြောင့် နိုင်ငံရေးအကျဉ်းသားတချို့ အာရုံကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကြောင့် ခြေထောက်တွေ လှုပ်မရတော့ဘဲ မသန်စွမ်းဖြစ်သွားရတဲ့အထိ အခြေအနေတွေ မော်လိုက် ကလေးအကျဉ်းထောင်မှာ ရင်ဆိုင်နေကြရတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ အရေးပေါ်ဆေးကုသခွင့်ကို မည်သည့် အကြောင်းရင်းမျှဖြင့် ပိတ်ပင်တားဆီးတာတွေကို ရပ်တန့်စေလိုတယ်လို့” လို့ PPNM က ဆိုပါတယ်။

အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေပေါ် ဖိနှိပ်တဲ့ အဖြစ်အပျက်တွေနဲ့ သတင်းတွေ ထွက်လာရင်လည်း ထောင်အာဏာပိုင်တွေက ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနချုပ်ကို တင်ပြဖို့ သရုပ်ပြ ဓာတ်ပုံရိုက်တာတွေ ကျန်းမာရေးဟောပြောပွဲ သရုပ်ပြ လုပ်ဆောင်ဓာတ်ပုံတွေ ရိုက်ခြင်းဖြင့် ဖြေရှင်းလေ့ ရှိနေတယ်လို့လည်း PPNM က ဆိုပါတယ်။

အခုလို ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်းနဲ့ အရေးပေါ်ဆေးကုသခွင့် မရရှိခြင်းဟာ နိုင်ငံရေးအကျဉ်းသားတွေပေါ် ဖိနှိပ်ခြင်းသာမက နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက သတ်မှတ်ထားတဲ့ အကျဉ်းသားများကို ပြုမှုရာတွင် လူ့ဂုဏ်သိက္ခာနဲ့ ကိုက်ညီရမည်ဆိုတဲ့ အချက်ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက် ကျူးလွန်နေခြင်းဖြစ်ပြီး ဒီလိုချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မော်လိုက် ကလေးအကျဉ်းထောင်က ထောင်အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ အကျဉ်းထောင်အသီးသီတွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိမှုနဲ့ အရေးပေါ်ဆေးကုသခွင့် မရရှိလို့ ကျဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၈ ဦးအထိ ရှိနေပြီ ဖြစ်တယ်လို့လည်း PPNM က ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...