ဟားခါးမြို့မရဲစခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရ

ဟားခါးမြို့မရဲစခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရ

ချင်းပြည်နယ်၊ ဟားခါးမြို့ မြို့မ ရဲစခန်းကို ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်း ၃ နာရီလောက်မှာ CDF – Hakha နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၁၅ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF / CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး(CNF / CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက "ဒီကနေ့ မနက်ပိုင်း ၃ နာရီလောက်ကနေ စဖြစ်တာပါ အကျဉ်းသား ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့ကြတယ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်က ၅ ဦးကျတယ် တို့ဘက်က တစ်ဦးကျတယ် လက်နက်ရရှိပေမယ့် အသေးစိတ်မသိရသေးပါဘူး” လို့ ပြောပါတယ်။

ဒီကနေ့မနက်ပိုင်း ဟားခါးမြို့ မြို့မရဲစခန်းကို ချင်းလဲန်းကောင်စီ ( CC) အဖွဲ့ဝင် CDF - Hakha နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်တွေကိုလည်း ရရှိခဲ့ပေမယ့် CDF-Hakha တပ်ဖွဲ့၀င် ၁ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာက ကျောင်းကို အောက်တိုဘာလ (၁၃)ရက်နေ့က ကျောင်းသား/သူများ စာသင်ချိန် မနက် ၁၀ နာရီခန့်တွင် စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကျောင်းသားတစ်ဦး(၈နှစ်)နှင့် ကျောင်းသူ တစ်ဦး(၁၂နှစ်)သေဆုံးရပြီး (၂၁) ဦး ဒဏ်ရာ (၂ ဦး စိုးရိမ်) ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လတုန်းကလည်း CDF – Hakha တပ်ဖွဲ့က ဟားခါးမြို့မရဲစခန်းကို ဝင်ရောက်ခိုက်ခဲ့ပြီး အကျဉ်းသား ယောကျာ်းလေး ၄၉ ဦးနဲ့ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...