ဟားခါးမြို့မရဲစခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရ

ဟားခါးမြို့မရဲစခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရ

ချင်းပြည်နယ်၊ ဟားခါးမြို့ မြို့မ ရဲစခန်းကို ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်း ၃ နာရီလောက်မှာ CDF – Hakha နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၁၅ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF / CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး(CNF / CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက "ဒီကနေ့ မနက်ပိုင်း ၃ နာရီလောက်ကနေ စဖြစ်တာပါ အကျဉ်းသား ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့ကြတယ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်က ၅ ဦးကျတယ် တို့ဘက်က တစ်ဦးကျတယ် လက်နက်ရရှိပေမယ့် အသေးစိတ်မသိရသေးပါဘူး” လို့ ပြောပါတယ်။

ဒီကနေ့မနက်ပိုင်း ဟားခါးမြို့ မြို့မရဲစခန်းကို ချင်းလဲန်းကောင်စီ ( CC) အဖွဲ့ဝင် CDF - Hakha နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်တွေကိုလည်း ရရှိခဲ့ပေမယ့် CDF-Hakha တပ်ဖွဲ့၀င် ၁ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာက ကျောင်းကို အောက်တိုဘာလ (၁၃)ရက်နေ့က ကျောင်းသား/သူများ စာသင်ချိန် မနက် ၁၀ နာရီခန့်တွင် စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကျောင်းသားတစ်ဦး(၈နှစ်)နှင့် ကျောင်းသူ တစ်ဦး(၁၂နှစ်)သေဆုံးရပြီး (၂၁) ဦး ဒဏ်ရာ (၂ ဦး စိုးရိမ်) ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လတုန်းကလည်း CDF – Hakha တပ်ဖွဲ့က ဟားခါးမြို့မရဲစခန်းကို ဝင်ရောက်ခိုက်ခဲ့ပြီး အကျဉ်းသား ယောကျာ်းလေး ၄၉ ဦးနဲ့ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

May 23, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နဲ့ ၂ မိုင် အကွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင်...
May 22, 2026
နေရပ်ပြန်မယ့် ဖလမ်းမြို့ ဒေသခံတွေအတွက် ဖလမ်းခရစ်ယာန်ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယ ( FCMF) က...
May 21, 2026
စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းပြည်နယ်အတွင်း  တားမြစ်ထားတဲ့ ပဒေသာဗုံး ( Cluster Bomb တွေနဲ့...
May 20, 2026
ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများ (Middle East)ကို...