မြေပဲသိမ်းနေတဲ့ စစ်ဘေးရှောင်အမျိုးသမီး တစ်ဦးကို ဒရုန်းဗုံးစ ထိမှန်ပြီး ဒဏ်ရာပြင်းထန်

မြေပဲသိမ်းနေတဲ့ စစ်ဘေးရှောင်အမျိုးသမီး တစ်ဦးကို ဒရုန်းဗုံးစ ထိမှန်ပြီး ဒဏ်ရာပြင်းထန်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာအနီးမှာ မြေပဲသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို စစ်ကော်မရှင်တပ်က ဒရုန်းဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်သွားတယ်လို့ သိရပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၁၁ နာရီ အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၅ အရွယ် အမျိုးသမီးတစ်ဦးရဲ့ လက်မောင်းထိမှန်ကာ ဒဏ်ရာပြင်းထန်တယ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။

“ဒရုန်းက နှစ်ခါလာတယ်၊ တစ်ခေါက်လာတဲ့အချိန်မှာတော့ ပထမ တစ်လုံးချတယ်။ ဒါပေမယ့် နည်းနည်းဝေးတယ်။ နေ့လည် ထမင်းစားနားတော့ တစ်ခါပြန်လာတာ တစ်လုံးထပ်ချတော့ သူထိသွားတာပေါ့။”လို့ သူက ဆိုပါတယ်။

ဗုံးစထိမှန်သွားတဲ့ စစ်ဘေးရှောင် အမျိုးသမီးဟာ မိသားစုနဲ့အတူ မြေပဲ သိမ်းယူနေကြတာဖြစ်ပါတယ်။

ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးတလျှောက်မှာ စစ်ကော်မရှင်တပ်တွေ လှုပ်ရှားသွားလာနေတာကြောင့် တော်လှန်ရေးတပ်တွေက လုံခြုံရေးသတိထားပြီး သွားလာဖို့ တိုက်တွန်းထားပါတယ်။ ဒေသခံတွေကတော့ သီးနှံရိတ်သိမ်းရာသီဖြစ်တာကြောင့် အရဲစွန့်ကာ တောင်ယာသွားပြီး ရိတ်သိမ်းကြသူတွေလည်း ရှိနေတာပါ။

“နည်းနည်းပြန်ရရင်လည်း အလုပ်လုပ်မှာပေါ့နော။ ခုက အနီးကပ် လက်နက်ကြီးတွေ ကျတာမျိုးဆိုတော့လည်း တအားကြောက်ရတာပေါ့”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ယခုရက်ပိုင်း ဖရူဆိုမြို့နယ်မှာ တိုက်ပွဲ တစ်စုံတစ်ရာဖြစ်ပွားတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

July 24, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လုံခြုံရေး အခြေ...
July 23, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို ဇူလိုင်လတတိယပတ်မှစ၍ စစ်ကောင်စီတပ်က...
July 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း၌ ဇူလိုင်လ ၂၁ ရက်နေ့က နွားကျောင်းနေသည့် အမျိုးသားနှစ်ဦးကို...
July 20, 2026
ဒေသတွင်း တိုက်ပွဲများကြောင့် ကရင်နီပြည်၊ ဘောလခဲမြို့ပေါ်မှ တိမ်းရှောင်ခဲ့ရသည့်...