ကျောက်ပြုတ်ရွာ စစ်ကော်မရှင် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု အများအပြားသေဆုံးဟုဆို

ကျောက်ပြုတ်ရွာ စစ်ကော်မရှင် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု အများအပြားသေဆုံးဟုဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာရှိ စစ်ကောင်စီ၏အထိုင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဘက်မှ ၁၀ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ ကြယ်တစ်ပွင့် အဖွဲ့က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းတွင် ကျောက်ပြုတ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းပြီး တိုက်ပွဲ သည် သုံးနာရီ အထိ ကြာမြင့်ခဲ့ကြောင်း ပြည်သူ့ကြယ်တစ်ပွင့်အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ပြောသည်။

၎င်းက “ညောင်ပင်ရွာနဲ့ ရွာကြီးကျေးရွာ ဘက်တွေမှာ စကမ စစ်ကြောင်းကထိုးစစ်ဆင်နေတာကြောင့်မို့ ကျွန်တော်တို့ဒီဘက်က တစ်ဖန်ပြန်ထိုးစစ် ဆင်ပေးတာပါ စခန်းကို သိမ်းနိုင်ပေမယ့် မထိန်းနိုင်သေးလို့ ပါ” ဟု ပြောသည်။

မဇ္ဈိမအနေဖြင့် ထိုတိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ကျောက်ပြုတ်ရွာ တွင် စစ်ကော်မရှင်တပ်သား နှင့် ပျူ ပူးပေါင်းအင်အား ၃၀ ခန့် ရှိပြီး တိုက်ပွဲ ဖြစ်ပွားပြီးနောက် အင်အားများ ထပ်မံဖြည့် တင်းထားကာ ကျေးရွာအနီး ကားအသွားအလာများကို စစ်ဆေးမှုများ ပြုလုပ်နေကြာင်း ဗိုလ်မိုက်ခဲက ဆိုသည်။

မြင်းခြံမြို့နယ်တွင် သီတာယုမွန်ဦးဆောင်သည့် ပျူနှင့် စစ်ကော်မရှင်တပ်သားများသည် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာများကို မကြာခဏဆိုသလို စစ်ကြောင်းထိုး ဝင်ရောက်ပြီး နောက် ပြည်သူပိုင်ပစ္စည်းများကို အဓမ္မလုယူ ခြင်း မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လေ့ ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ ကလည်း ကျေးရွာများကိုမီးရှို့ဖျက်ဆီးပြီး ပြန်လာသည့် ပျူနှင့် စစ်ကော်မရှင်တပ်ပူးပေါင်း စစ်ကြောင်းကို ရွာကြီးရွာ နှင့် ညောင်ပင်ရွာလမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်တွင် ထိခိုက်သေဆုံးမှုများ ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ များထံက သိရသည်။

ကျောက်ပြုတ်ကျေးရွာ တိုက်ခိုက်မှုကို ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့၊ MGN Danger Dynamites နှင့် MGRF PDF တပ်ဖွဲ့ ၊ တာလီဖိုက် PDF တပ်ဖွဲ့ နှင့်မြင်းခြံ ပကဖ တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ခေါင်းဆောင်နှင့် စစ်ကော်မရှင်တပ်သားများအား ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
March 2, 2026
လုပ်သက်ရင့် စစ်ကော်မရှင်တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ကျပ် ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ...
ပုဂံတွင် ၂၀၂၀ ခုနှစ် ဇွန်လ ၂၃ ရက်နေ့၌ လုံခြုံရေးကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ။ (Ye Aung THU - AFP)
February 28, 2026
ရှေးဟောင်းစေတီပုထိုးများစွာ တည်ရှိသည့် ပုဂံ၊ ညောင်ဦးမြို့နယ်တွင် လူပျောက်၊ ပြန်ပေးဆွဲမှုများ...
February 27, 2026
ရောင်နီ — မြန်မာနိုင်ငံတွင် စစ်လက်ကျန်မိုင်းများနှင့် မြေမြှုပ်မိုင်းများကြောင့် ကလေးသူငယ်...
စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်
February 26, 2026
အာဏာသိမ်းစစ်ကော်မရှင်သည် လူပုဂ္ဂိုလ်စိစစ်ရေးနှင့်စောင့်ကြည့်ရေးစနစ် (Person Scrutinization and...