စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ်အတွင်းရှိ ပြည်သူ့ကျောင်းအားလုံး ခေတ္တပိတ်

စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ်အတွင်းရှိ ပြည်သူ့ကျောင်းအားလုံး ခေတ္တပိတ်
Photo credit - CJ
Photo credit - CJ

ပညာရေးအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်က ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဟားခါးမြို့နယ်အတွင်းရှိ CDF – Hakha ဗဟိုကောင်စီ၊ ပညာရေးဌာန လက်အောက်က ကျောင်းတွေအားလုံးကို အောက်တိုဘာလ ၁၃ ရက်နေ့ကစလို့ ခေတ္တပိတ်ထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၁၀ နာရီခွဲ၀န်းကျင်က ဟားခါးမြို့နယ်၊ ဗန်ဟား ( Vanha) ကျေးရွာရှိ စာသင်ကျောင်းကို ဂျက်လေယာဉ်နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား (၂) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိခဲ့ပြီးနောက် CDF – Hakha ဗဟိုကောင်စီ အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Vanha ကျေးရွာက စာသင်ကျောင်းကို စစ်အုပ်စုက ဂျက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့လို့ စာသင်နေတဲ့ ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးနဲ့ ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးခဲ့ပြီး ကျောင်းသား၊ ဆရာ၊ ဆရာမ တွေလည်း ထိခိုက်ဒဏ်ရာရခဲ့တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ညကလည်း မင်းတပ်မြို့နယ်အတွင်းက ဝမ္မသူးကျေးရွာနဲ့ ထင်ချောင်းကျေးရွာရှိ စာသင်ကျောင်းတွေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား ၃ ဦးနဲ့ မသန်စွမ်း အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့လို့ မင်းတပ်မြို့နယ်အတွင်းရှိ ကြားကာလ ပြည်သူ့အခြေပြု ကျောင်းတွေကို အောက်တိုဘာလ ၁၀ ရက်နေ့ကစလို့ ခေတ္တပိတ်ထားလိုက်ရပါတယ်။

June 13, 2026
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ Khumi People Front (KPF) နာမည်နဲ့ အသစ်ပေါ်ထွက်လာတဲ့...
June 12, 2026
စစ်ကိုင်းတိုင်း ကလေး - တမူး လမ်းမပေါ်မှာတည်ရှိတဲ့ ကလေးမြို့နယ်မြောက်ပိုင်းက အရှေ့ခုံသာ နဲ့...
June 11, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတာတွေကို...
June 10, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို နေရပ်ပြန်ရောက်တာ မကြာသေးတဲ့ ကျောင်းဆရာတစ်ဦးကို ဇွန်လ (၇)ရက်နေ့...