ပြည်မသို့ခိုးလမ်းမှတစ်ဆင့်ထွက်ခွာစဉ်ရိုးလမ်းပေါ်တွင် ချင်းနှင့် ရခိုင် ၅၀ နီးပါးဖမ်းဆီးခံရ

ပြည်မသို့ခိုးလမ်းမှတစ်ဆင့်ထွက်ခွာစဉ်ရိုးလမ်းပေါ်တွင် ချင်းနှင့် ရခိုင် ၅၀ နီးပါးဖမ်းဆီးခံရ

ရခိုင်ပြည်ကနေ ရန်ကုန်အပါအဝင် ပြည်မရှိ မြို့များသို့ ခိုးလမ်းများမှ ထွက်ခွာကြစဉ် ယခုလ အောက်တိုဘာ ပထမပတ်အတွင်း တောင်ကုတ်- ပန်းတောင်း ရိုးလမ်းပေါ်တွင် ရခိုင်နှင့် ချင်းလူမျိုး အနည်းဆုံး ၅၀ ခန့် အကြမ်းဖက်စစ်တပ်ထံ ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။

၎င်းတို့သည် ရခိုင်ပြည် တောင်ကုတ်မြို့မှ ပဲခူးတိုင်းအတွင်းရှိ ပန်းတောင်းနှင့် ပြည်ဘက်သို့ ရိုးမပေါ်ရှိ ခိုးလမ်းများမှတစ်ဆင့် လမ်းပြများဖြင့် သွားရောက်စဉ် အကြမ်းဖက်စစ်တပ်ထံ ဖမ်းဆီးခံရသူများ ဖြစ်ကြောင်း သိရသည်။

တောင်ကုတ်ဒေသခံတစ်ဦးက “ ဒီရက်ပိုင်းအတွင်း ဖမ်းဆီးခံရတဲ့သူတွေအထဲမှာ ရိုးပေါ်မှာနေတဲ့ ချင်းလူမျိုးတွေလည်း ပါတယ်။ တချို့က တိုက်ပွဲတွေ အနီးအနားဖြစ်နေတော့ စစ်ရှောင်တဲ့အနေနဲ့ ရန်ကုန်ဘက်ကို သွားတဲ့လူတွေပါသလို တချို့ချင်းတွေက ခရီးသည်တွေရဲ့ အထုတ်အပိုးကို အခကြေးငွေယူပြီး ထမ်းပေးတဲ့သူတွေ ပါတယ်။ ကျန်တာတွေကတော့ တောင်ကုတ်မြို့ပေါ်က ဒေသခံတွေ။ ရန်ကုန်ကို ခိုးလမ်းကနေ သွားကြတာ။ ဘယ်နှစ်ယောက်လဲ အတိအကျမသိပေမယ့် ဒီရက်ပိုင်းအတွင်းမှာတင် ၅၀ လောက်ရှိတယ်။ စစ်တပ်က ဖမ်းတာ။ ရိုးထဲက တောလမ်းအများစုမှာ စစ်ကောင်စီယာယီစခန်းတွေ ရှိတယ်။ ဂိတ်တွေ ရှိတယ်။ အဲဒီမှာ အဖမ်းခံရတာ"ဟု ပြောသည်။

လက်ရှိနိရဉ္စရာမှစုံစမ်း သိရှိရသည့် ဖမ်းဆီးခံရသည့် စာရင်းထဲတွင် တောင်ကုတ်မြိုနယ် ရပ်တော်မူရွာမှ ( ၆ )ဦး၊ စလူရွာမှ ( ၄) ဦး၊ ဒိုးနွယ်စမ်းရွာမှ ( ၁၂) ဦး၊ ရေပေါ်ကြီးရွာမှ (၉) ဦးနှင့် ပိန်းနှဲစန်းရွာမှ (၃) ဦးတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဖမ်းခံရသူများအထဲမှ ရခိုင်လူမျိုးများကို ညောင်ခြေထောက်ကနေ ဥသျှစ်ပင်သို့ ပို့ဆောင်လိုက်ပြီး ချင်းလူမျိုးများကို ညောင်ခြေထောက်တွင် ဆက်လက်ထိန်းသိမ်းထားကြောင်း ၎င်းက ပြောဆိုသည်။

“ညောင်ခြေထောက်ကနေ ရခိုင်တွေကို ဥသျှစ်ပင်ကို ခေါ်သွားတာ သိတယ်။ ဒါပေမယ့် ဘယ်မှာ ထားမှန်း မသိရသေး။ ပြန်လည်း မလွတ်လာသေးဘူး။ တစ်ပတ်လောက်ရှိနေပြီ။ စစ်မှုထမ်းဖို့ ပို့မှာကိုတော့ စိုးရိမ်နေရတယ်" ဟုပြောသည်။

တောင်ကုတ်-ပန်းတောင်းလမ်းပေါ်ရှိ ရိုးပေါ်တွင် အကြမ်းဖက်စစ်တပ်နှင့် အာရက္ခတပ်တော်(AA) ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲမှာ နေ့စဉ်လိုလို ပြင်းထန်လျက်ရှိနေပြီး ထိုအထဲက ရခိုင်ဒေသခံများကို ခရီးသွားလာခွင့်ကို ပိတ်ပင်ထားသဖြင့် ခိုးလမ်းများမှ တစ်ဆင့် လမ်းပြများ၏ အကူအညီဖြင့် ပြည်မဘက်သို့ ထွက်ခွာကြရသည်ဟု သိရှိရသည်။

စက်တင်ဘာ ၂ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်မှတဆင့် ပြည်မဖက်သို့ ထွက်ခွာသည့် တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်မှ ကိုမျိုးမြတ်ကျော် (၂၁)နှစ်နှင့် ကိုအောင်စိုးလင်း (၂၀)တို့ကို ရိုးအောက်အနီးအနားရှိ ကျေးရွာဖြစ်သည့် ပဲခူးတိုင်းဒေသကြီးအပိုင် ကဝမြို့နယ်၊ သပြေကန်သင်းရွာတွင် တည်းခိုနေစဉ် အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ ပြန်လွတ်လာခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

တစ်ခြားတစ်ဖက်တွင်လည်း အကြမ်းဖက်စစ်တပ်မှ လူငယ်များအား အတင်းအဓမ္မ စစ်သားစုဆောင်းလျက်ရှိနေရာ ရခိုင်မှ လူငယ်အများအပြား စစ်မှုထမ်းရန် ဖမ်းဆီးခံရခြင်းရှိသလို လူစားထိုး ရောင်းစားရာတွင် သားကောင်းများ ဖြစ်နေကြရသည်ဟု သိရသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...