တီးတိန်မြို့နယ် လဲဇန်ရွာသား ၁၀ ဦး ကို PDA မှ စစ်သင်တန်းတက်ရန် ခေါ်ဆောင်

တီးတိန်မြို့နယ် လဲဇန်ရွာသား ၁၀ ဦး ကို PDA မှ စစ်သင်တန်းတက်ရန် ခေါ်ဆောင်

တီးတိန်မြို့နယ်၊ Lezang ရွာသား လူငယ် ၁၀ ဦးကို Chinland Council အဖွဲ့ဝင် တော်လှန်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ တီးတိန်မြို့နယ် အခြေစိုက် People Defense Army (PDA) မှ စစ်သင်တန်း တက်ရောက်ရန် စက်တင်ဘာလ ၂၉ ရက်နေ့မနက်တွင် အတင်းအဓ္ဓမ ခေါ်ဆောင်သွားခဲ့တယ်လို့ Lezang ရွာသား တစ်ဦးထံမှ သိရပါတယ်။

“PDA တပ်ဖွဲ့တွေက စက်တင်ဘာ ၂၈ ရက်နေ့မှာ ရောက်လာတယ်။ လူငယ်တွေကို ဆင့်ခေါ်ပြီး စစ်သင်တန်း တက်ဖို့ မဲနှိုက်ခိုင်းလိုက်တယ်။ မဲပေါက်တဲ့သူ ၁၀ ဦးကို စက်တင်ဘာ ၂၉ ရက်နေ့ မနက်မှာ ရွာကနေ ခေါ်ဆောင်သွားခဲ့တယ်” လို့ Lezang ရွာသား တစ်ဦးမှ ပြောပါတယ်။

ဒါ့အပြင် PDA တပ်ဖွဲ့က တောင်ယာသွားသူတချို့ကိုလည်း မှတ်ပုံတင် စစ်ပြီး မပါတဲ့လူကို သွားခွင့် မပြုဘဲ ပြန်လှည့်ခိုင်းတာမျိုး လုပ်ဆောင်ခဲ့ကြောင်း၊ မိမိတို့ ရွာအနေဖြင့် တောင်ယာမှာ မှတ်ပုံတင် ယူလေ့ မရှိခဲ့ဘူးကြောင်း အဆိုပါ ရွာသားမှ ဆက်လက် ပြောကြား ခဲ့ပါတယ်။

Lezang ရွာသား လူငယ်များကို စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်ခြင်းနှင့် ပတ်သက်ပြီး PDA အဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက “အခုလို ခေါ်တာက စစ်မှုထမ်းဖို့ မဟုတ်ပါဘူး။ ပြည်သူစစ် စစ်သင်တန်း တက်ဖို့ပါ။ အရင် တခေါက်လည်း ပြုလုပ်ပြီးပြီ။ ဆက်လက် စစ်မှုထမ်းချင်တဲ့ သူတွေကိုတော့ အဖွဲ့က ခေါ်သွားတယ်။ စစ်မှုမထမ်း လိုတဲ့ သူတွေကိုတော့ ရပ်ရွာရဲ့ ပြည်သူ့စစ် အဖြစ် ဆောင်ရွက်ဖို့ ရွာပြန်ခိုင်း ခဲ့ပါတယ်။ Lezang ရွာသားတွေကိုလည်း စစ်မှုထမ်းဖို့ ခေါ်တာ မဟုတ်ပါဘူး။ ပြည်သူ့စစ် သင်တန်းတက်ဖို့ ပါ” လို့ Chin World Media ကို ပြောပါတယ်။

Lezang ရွာသားတွေကို မဲနှိုက်ပြီး လူရွေးတာဟာလည်း ရွာသားများ အနေဖြင့် ပြည်သူ့စစ်သင်တန်း တက်ရောက်ဖို့ ရွေးချယ်ရာမှာ အခက်အခဲ ဖြစ်ခဲ့တာကြောင့် အခုလို ရွေးချယ်ခြင်း ဖြစ်တယ်လို့လည်း PDA အဖွဲ့နဲ့ နီးစပ်သူထံမှ ဆက်လက် သိရှိရပါတယ်။

Most read this week

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...