စစ်အုပ်စု တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူမြို့ထဲ အဝင်အထွက် ပိုလုပ်လာ

စစ်အုပ်စု တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူမြို့ထဲ အဝင်အထွက် ပိုလုပ်လာ
Photo credit - CJ
Photo credit - CJ

နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ထဲကို ယခုတလောတွင် အာဏာသိမ်း စစ်အုပ်စုတပ်ဖွဲ့ဝင်များ ဝင်ထွက်သွားလာမှု ပိုမိုလုပ်ဆောင်လာသည်ဟု မြေပြင်သတင်းအရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA တပ်ဖွဲ့များက ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်မှ စတင်ကာ ဘုရားသုံးဆူမြို့ကို ထိန်းချုပ်ခဲ့ပြီးနောက်တွင် အာဏာသိမ်း စစ်အုပ်စု တပ်ဖွဲ့ဝင်များသည် မြို့ပြင်ဘက်ရှိ တပ်စခန်းကုန်းဝင်း၌သာ နေထိုင်ကြသည်။ ယခုလဆန်းပိုင်းမှစ၍ မြို့တွင်းထဲကို ပြန်လည် ဝင်ထွက်သွားလာမှုများ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်သည်ဟု မြို့အုပ်ချုပ်ရေးပိုင်း ဆိုင်ရာနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“တပ်ကုန်းမှာရှိတဲ့ စစ်တပ်တွေက အခုမြို့ထဲမှာ ဝင်ထွက်များလာတယ်။ အရင်တုန်းကတော့ သူတို့ သိပ်မထွက်ရဲဘူး။ စျေးတွေဘာတွေ ဝယ်ထွက်ရင် အရပ်ဝတ်နဲ့ တိုးတိုးတိတ်တိတ်ပဲ ထွက်တယ်။ အခုက အရပ်ဝတ်နဲ့ ထွက်ပေမယ့်လည်း ပေါ်ပေါ်တင်တင်ဖြစ်လာတယ်။ ထွက်လာတာလည်း များလာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်အုပ်စု တပ်ကုန်းထဲတွင်လည်း တပ်အင်အား ဖြည့်တည်းမှုများ သိသိသာသာ လုပ်ဆောင်လာကာ မြေပြင်တွင် စစ်ကြောင်းထိုးရန် စီစဉ်သော်လည်း လက်ရှိအထိ စစ်ကြောင်း ထိုးလာနိုင်ခြင်း မရှိသေးကြောင်းလည်း တော်လှန်ရေး သတင်းအရင်းအမြစ်ထံမှ သိရသည်။

ဘုရားသုံးဆူ နယ်စပ်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အာဏာသိမ်းစစ်အုပ်စုသည် အနန်းကွင်း-တောင်စွန်းလမ်းနှင့် ချောင်းနှစ်ခွ ကြာအင်းဆိပ်ကြီးလမ်းကို စစ်ကြောင်းထိုးလာသဖြင့် နယ်မြေခံ တော်လှန်ရေး ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

လက်ရှိတွင် ဒူးပလာယာခရိုင်/တပ်မဟာ (၆) အပါအဝင် ကေအဲန်ယူ ထိန်းချုပ်ထားသည့် နယ်စပ် ဒေသ နှင့် နယ်မြေများကို စစ်အုပ်စုမှ ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် လူအင်အား၊ လက်နက်အင်အား အလွန်အကျွံ အသုံးပြုကာ စစ်ကြောင်းအများအပြားဖြန့်ကျက်ပြီး ထိုးစစ်ဆင်လာလျက်ရှိသည်။

May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...