ဖရူဆိုကိုရောက်နေတဲ့ စစ်ကော်မရှင်တပ် ဘောလခဲမြို့နယ်ဘက်ကို ထိုးစစ်ဆင်ဖို့ပြင်နေ

ဖရူဆိုကိုရောက်နေတဲ့ စစ်ကော်မရှင်တပ် ဘောလခဲမြို့နယ်ဘက်ကို ထိုးစစ်ဆင်ဖို့ပြင်နေ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ အမှတ်(၁၄) တန်းမြင့်စစ်လေ့ကျင့်ရေး သင်တန်းကျောင်းကို ရောက်ရှိနေတဲ့ စစ်ကော်မရှင်တပ်သားဟာ ဘောလခဲမြို့နယ်ဘက်ကို ထိုးစစ်ဆက်ဆင်ဖို့ ပြင်ဆင်နေတာ တွေ့ရတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာက အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကော်မရှင်တပ်ရဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့လာနေရပြီလို့ သူက ပြောပါတယ်။

“ဖရူဆို-ဘောလခဲ လမ်းမကြီးဘေးမှာရှိတဲ့ ရွာတွေပေါ့။ အဲဒီဖက်ကို သူတို့စစ်ရေး လှုပ်ရှားမှုတော့ ရှိလာပြီပေါ့နော။ အဲတော့ ခြေနေကတော့ ဘောလခဲကို သူတို့ ထိုးချင်တဲ့ပုံစံမျိုး ရှိတယ်ပေါ့နော။ ကျနော်တို့ဖက်ကလည်း လုပ်စရာရှိတဲ့ အလုပ်တွေကို ကျနော်တို့ လုပ်နေပါတယ်” လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ရေးလှုပ်ရှားမှုတွေကြောင့် အမှတ် (၁၄) ကျောင်းနဲ့ အနီးမှာရှိတဲ့ မော်ခရော်ရှေ့ကျေးရွာမှာလည်း နှစ်ဖက် ထိတွေ့တိုက်ခိုက်မှုတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ဖရူဆိုမြို့ဟာက ဘောလခဲမြို့နဲ့ရဲ့ ၃၂ မိုင်ခန့်အကွာမှာရှိနေပြီး အဆိုပါမြို့နယ်နှစ်ခုမှာ စစ်ကော်မရှင်တပ် အခြေစိုက်စခန်းတွေ တည်ရှိနေဆဲဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်ကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်ရဲ့ ကားအစီးရေ ၅၀ ကျော်ပါတဲ့ ယာဉ်တန်းက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ဖရူဆိုမြို့ကို ရောက်သွားခဲ့တာဖြစ်ပြီး အခုလို လှုပ်ရှားမှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖရူဆိုမြို့နယ်အတွင်းက ဒေသခံတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီဖြစ်ပြီး စစ်ရေးသတိရှိဖို့ကိုလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတိပေး ထုတ်ပြန်ထားပါတယ်။

Photo credit - CJ

ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...
August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...