ရွာငံတွင် တောင်ပြို၍ စစ်ရှောင်ကလေးငယ်များအပါ ၁၀ ဦး သေဆုံး

ရွာငံတွင် တောင်ပြို၍ စစ်ရှောင်ကလေးငယ်များအပါ ၁၀ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ရှောင်ပြည်သူများ နေထိုင်သည့်နေရာ တခု၌ တောင်ပြိုကျမှု ဖြစ်ပွါးခဲ့ခြင်းကြောင့် ကလေးငယ်များအပါ စစ်ရှောင် ၁၀ ဦး သေဆုံးသွားကြောင်း DaNu State National Defence Army (DSNDA) ထံမှ သိရသည်။

အဆိုပါ တောင်ပြိုကျမှုဖြစ်စဉ်သည် စက်တင်ဘာလ ၂၄ ရက်နေ့ က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် တနှစ်ခွဲအရွယ် မိန်းကလေးငယ်တဦး၊ အသက် ခုနစ်နှစ်နှင့် ၁၀နှစ်အရွယ် ယောကျ်ားလေး နှစ်ဦး အမျိုးသား သုံးဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့သည်။

“သေဆုံး သူတွေဟာ မိသားစုဝင်တွေပါ၊ သူတို့ မိသားစု စစ်ရှောင်နေတဲ့နေရာမှာ တောင်ပြိုကျပြီး ပါသွားတာ” ဟု DSNDA မှ တာဝန်ရှိသူ တဦးက မဇ္စျိမသို့ ပြောသည်။

သေဆုံးသူများထဲမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသား တဦး၏ ရုပ်အလောင်းကိုသာ ရှာဖွေတွေ့ ရှိခဲ့ပြီး ကျန်သူများ၏ ရုပ်အလောင်းကို မတွေ့ရှိရကြောင်း DSNDA က ဆိုသည်။

ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ခြေလျင်စစ် ကြောင်းထိုးခြင်းများကြောင့် ဒေသခံ ပြည်သူများမှာ စစ်ဘေးရှောင်နေရခြင်း ဖြစ်သည်။

ရွာငံ တမြို့နယ်လုံး အတိုင်းတာဖြင့် စစ်ဘေးရှောင်ကြရသည့် ကျေးရွာအများအပြားရှိနေပြီး မင်းပလောင်၊ ညောင်ပင်သာနှင့် ကျောက်တော ကျေးရွာများအနေဖြင့် ရွာလုံးကျွတ် စစ်ဘေးရှောင် နေကြရပြီး လူဦးရေ ၁,၀၀၀ ဝန်းကျင် ရှိကြောင်း DSNDA အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

၎င်းက “မိုးတွင်းကာလ စစ်ဘေးရှောင်ရတာဆိုတော့ အခက်အခဲတွေ က ပြောမပြတတ်လောက်အောင်ပါပဲ စစ်ရှောင် ဒေသခံတွေ အရမ်းခက်ခဲကြပါတယ်” ဟု ပြောသည်။

ရွာငံမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်ဖွဲ့သည် ကျေးရွာများအတွင်းသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ပစ္စည်းများအဓမ္မယူဆောင်ပြီး နေအိမ်များကို မီးရှို့ ဖျက်စီးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသတွင်းအဖွဲ့အစည်းများထံမှ သိရသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...