ဖရူဆိုမြို့နယ်ထဲ စစ်ကော်မရှင်ရဲ့စစ်ယာဉ်အစီး ၅၀ ကျော်ရောက်ရှိ၊ တိုက်ပွဲပြင်းထန်လာမှာကို ပြည်သူတွေစိုးရိမ်

ဖရူဆိုမြို့နယ်ထဲ စစ်ကော်မရှင်ရဲ့စစ်ယာဉ်အစီး ၅၀ ကျော်ရောက်ရှိ၊ တိုက်ပွဲပြင်းထန်လာမှာကို ပြည်သူတွေစိုးရိမ်

- ဖရူဆိုမြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ စစ်ယာဉ်တန်းအစီးရေ ၅၀ ကျော် ရောက်ရှိလာတာကြောင့် စစ်ဘေးရှောင်နဲ့ဒေသခံတွေ တိုက်ပွဲပိုမိုပြင်းထန်လာမှာကို စိုးရိမ်နေကြပါတယ်။

- ဖားဆောင်းမြို့နယ် မော်ချီးဒေသက လေယာဉ်ဗုံးကြဲခံခဲ့ရတဲ့နေရာမှာ မြေပြိုမှုဖြစ်ပွားပြီး နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။

- ဝမ်းတစ်ထွာအတွက် စစ်ရှောင်စခန်းမှာ စျေးဆိုင်ဖွင့်ပြီး ဝင်ငွေရှာနေပေမဲ့ ကုသိုလ်လည်းရ ဝမ်းလည်း၀စေဖို့ အစားအသောက်တွေကို စျေးနှုန်းချိုချိုသာသာနဲ့ စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက်က  ရောင်းချပေးနေပါတယ်။ ဘာကြောင့် အခုလို အစားအသောက်တွေကို စျေးနှုန်းချိုချိုသာသာနဲ့ ရောင်းချပေးနေနိုင်သလဲဆိုတာကိုလည်း တင်ဆက်ပေးမှာဖြစ်ပါတယ်။

July 27, 2026
-  "ဝ" တပ်ဖွဲ့ UWSA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ဟာ ဩဂုတ်လအတွင်း နေပြည်တော်မှာ...
July 27, 2026
- မွန်ပြည်နယ်အစပ်မှာရှိတဲ့ စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ထိုင်းကုန်ပစ္စည်းတွေကို...
July 26, 2026
- ကျောက်ဖြူ စစ်မျက်နှာသုံးခုကို AA က ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က အကျအဆုံးများပြီး...
July 25, 2026
- မွန်မှာ စက်သုံးဆီ မပြတ်လပ်အောင် လုပ်ဆောင်ထားတယ်လို့ စွမ်းအင်ဝန်ကြီးရဲ့ ပြောဆိုချက်ဟာ...