ဖားကန့်မြို့နယ်ထဲက စစ်တပ်နဲ့ KIA+ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးအခြေအနေ ဘယ်လိုရှိနေလဲ

ဖားကန့်မြို့နယ်ထဲက စစ်တပ်နဲ့ KIA+ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးအခြေအနေ ဘယ်လိုရှိနေလဲ

ဖားကန့်မြို့နယ်ထဲက ဆိပ်မူကျေးရွာအုပ်စု ဆန်းကြွယ်ကျေးရွာကို စစ်တပ်က စက်တင်ဘာလ ၁၇ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်လိုက်ပြီး စစ်ရေးအနေနဲ့ တင်းမာနေတဲ့အခြေအနေဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြ ပါတယ်။

ဖားကန့်မြို့ထဲကို ဝင်ခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ မြို့ပေါ်ကို အဓိကထိန်းချုပ်ထားပြီး ကျေးရွာတချို့ကို စစ်ကြောင်းထိုးနေတာတွေပြုလုပ်တယ်လို့ဆိုပါတယ်။

“ ဖားကန့်ဘက်ကို စစ်ကောင်စီက ထိန်းနိုင်တယ်ဆိုပေမယ့် သူတို့ ဖြတ်လျှောက်ခဲ့တဲ့ မှော်စီဇာ တို့ လုံးခင်း တို့မှာလည်း ကေအိုင်အေ ပီဒီအက် ကရှိနေပြန်တာပဲ ။ မြို့ပေါ်မှာတော့ စစ်ကောင်စီ က ထိန်းချုပ်ထားတယ် မနေ့တုန်းကတော့ ဖားကန့်နဲ့အနီးဆုံးက KIA+PDF နေရာယူထားတဲ့ ဆန်းကြွယ် ကိုသိမ်းပိုက်သွားနိုင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆန်းကြွယ်ကျေးရွာကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်မှာ KIA ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာကိုလည်း စစ်ကြောင်းပြန်ထိုးနိုင်တာကြောင့် စစ်ဘေးတိမ်းရှောင်ဖို့ ပြောဆိုမှုတွေရှိပေမယ့် လက်ရှိအချိန်ထိ တိမ်းရှောင်ကြတာမရှိသေးဘူးလို့သိရပါတယ်။

“အခြေအနေကတော့ သိတဲ့အတိုင်းပဲ မပြေးသေးဘူး။ အထုပ်အပိုးတော့ပြင်ထားပြီလို့” ဆိပ်မူကျေးရွာက ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်တပ်ဟာ ဆိပ်မူကျေးရွာဘက်ကို ထိုးစစ်တွေ တဖြေးဖြေးရွေ့လာနေပြီး လက်နက်ကြီးပစ်ခတ်မှုတွေကိုအဓိက လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

“စစ်ရေးအခြေနေကတော့ လောလောဆယ်ကတော့ သူတို့လည်းဖြေးဖြေးချင်းတော့ ရွှေ့တော့ ရွှေ့နေမှာပေါ့ ဒါပေမဲ့လွယ်တော့မလွယ်ပါဘူး အင်အားအလုံးအရင်းနဲ့ဝင်လာရင်တော့မပြောတတ်ဘူး” လို့ ဒေသခံ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။

အခုရက်ပိုင်းမှာပဲ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်မှုတွေ များလာနေပြီး ကလေးငယ်အပါအဝင် သုံးဦးထက်မနည်း ထိခိုက်သေဆုံးနေတာဖြစ်ပါတယ်။

ဖားကန့်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်ဟာ မေလမှစတင်ပြီး အင်အား ရာနှင့်ချီပါဝင်တဲ့ စစ်ကြောင်းနဲ့ ချီတက်ပြီး ဖားကန့်-မိုးကောင်းလမ်းပိုင်း အပါအဝင် KIA+PDF စိုးမိုးထားတဲ့နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နေတာလည်းဖြစ်ပါတယ်။

February 14, 2026
မြစ်ကြီးနားလေဆိပ်အနီးကို (KIA) ပူးပေါင်းတပ်တွေက (FPV Sucide Drone) တွေနဲ့ မနေ့က ဖေဖော်ဝါရီ (၁၂)...
February 13, 2026
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားတိုက်နယ်အတွင်းမှာ CDM ဝန်ထမ်း ၅ ဦးကို မြို့နယ်ပကဖ...
February 11, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကုန်စည်းစီးဆင်းမှု ပိတ်ဆို့ထားမှုကို...
February 10, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း NUG ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့...