ကလေးမြို့ပေါ်မှာ အင်တာနက်၊ ဖုန်းလိုင်း ပြတ်တာ ၆ ရက်ရှိပြီး ဒေသခံတချို့ အချိန်အကန့်အသတ်ဖြင့် ငွေကြေးပေးပြီး အင်တာနက်လိုင်း အသုံးပြုနေရ

ကလေးမြို့ပေါ်မှာ အင်တာနက်၊ ဖုန်းလိုင်း ပြတ်တာ ၆ ရက်ရှိပြီး ဒေသခံတချို့ အချိန်အကန့်အသတ်ဖြင့် ငွေကြေးပေးပြီး အင်တာနက်လိုင်း အသုံးပြုနေရ
Photo credit - CJ
Photo credit - CJ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့အထိ ၆ ရက်တာ ရှိသွားပြီဖြစ်ပြီး ဒေသခံတချို့အနေနဲ့ အင်တာနက်လိုင်းကို အချိန်အကန့်သတ်ဖြင့် ငွေကြေးပေးပြီး အင်တာနက်လိုင်း သုံးနေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ကလေးမြို့ဒေသခံတစ်ဦးက “ကျနော်တို့ နယ်ဘက်မှာက စတားလင့်ရတော့ ကိစ္စမရှိဘူး မြို့ထဲမှာက အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ ဖြတ်ထားတာ ၆ ရက်ရှိပြီ အော်ရီဒူးကတော့ ပေါ်လိုက် ပျောက်လိုက် မကောင်းဘူး။ Mytel fiber တွေတော့ရတယ်။ လက်ဖက်ရည်ဆိုင်၊ ငွေလွှဲ ငွေထုတ်ဆိုင်တွေမှာတော့ သုံးကြတယ်။ တချို့ဆိုင်လဲ စတားလင့်ရတယ်လို့ ကြားတယ်။ ဒါပေမယ့် သေချာတော့ မသိဘူး။ မြို့ထဲမှာ တချို့လဲ တနာရီဘယ်လောက်နဲ့ သွားသုံးကြတယ်။ အင်တာနက်လိုင်းရတဲ့ အိမ်တွေကို ခနတဖြုတ်သုံးတာမျိုးတွေက ရက်ကြာလာရင် ပိုင်ရှင်တွေဘက်က မြင်လာမှာလေ ဆိုတော့ တချို့လည်း လိုင်းသုံးချင်လို့ လဖက်ရည်ဆိုင်ထိုင် သုံးရတာလည်း ရှိတယ်” လို့ ပြောပါတယ်။

လက်ရှိ ကလေးမြို့နယ်မှာ တိုက်ပွဲတွေ လက်တလောမှာ မရှိပေမယ့် ကလေးမြောက်ပိုင်း နန်းဟန်နွဲဘက်ကိုတော့ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းတာတွေ ကား အဝင် အထွက်မပြတ်ရှိတာတွေတော့ ရှိတယ်တဲ့ကြောင်းနဲ့ သူတို့ ( စစ်ကောင်စီတပ်ဖွဲ) အနေနဲ့ အကြောင်းကိစ္စရှိရင် ဖုန်းလိုင်း အင်တာနက်လိုင်းတွေကို မကြာခဏ အခုလို ပိတ်လေ့ရှိတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

“ဘာကြောင့်အခုလို ပိတ်တယ်ဆိုတာ သေချာမပြောနိုင်ပေမယ့် သူတို့ ( စစ်ကောင်စီ) တပ်ဖွဲ့ဘက်က သူတို့အကြောင်းကိစ္စရှိရင် ပိတ်တာတွေက မကြာခဏ လုပ်လေ့ရှိတယ် သူတို့စစ်ရေးပြင်ဆင်တာတွေနဲ့ ဆက်စပ်မှုလည်း ရှိနိုင်တာပေါ့ သေချာတော့ မသိပေမယ့်” လို့ကလေးမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

May 16, 2026
ကလေးမြို့၊ ကလေးအကျဉ်းထောင် (မော်လိုက်ကလေးအကျဉ်းထောင်) ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ဟာ “...
May 15, 2026
အိန္ဒိယ - မြန်မာနယ်စပ်  ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ်မြို့ကို စစ်ကောင်စီက...
May 14, 2026
CDF-Mindat ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်ကိုစစ်ကော်မရှင်တပ်က မေလ ၁၁ ရက်မှာ ၂...
May 12, 2026
တွန်းဇံမြို့ကို လက်ရှိ  CNA / CDF – Tonzang ၊ R – CDF ၊ Zo Chin Defense Force စတဲ့ (၄)...