ဖားကန့်တွင် စစ်ကော်မရှင်တပ် လက်နက်ကြီးဖြင့်ပစ်၍ ၁ ဦးသေဆုံး ၊ ၇ ဦး ထိခိုက်ဒဏ်ရာရ

ဖားကန့်တွင် စစ်ကော်မရှင်တပ် လက်နက်ကြီးဖြင့်ပစ်၍ ၁ ဦးသေဆုံး ၊ ၇ ဦး ထိခိုက်ဒဏ်ရာရ
Photo - Soe Gyi
Photo - Soe Gyi

ဖားကန့်မြို့နယ်တွင် ယနေ့ ( စက်တင်ဘာလ ၉ ရက်) ၀ နာရီ ၃၀ မိနစ်က ဖားကန့်တပ်မကုန်းပေါ်ရှိ စစ်ကော်မရှင်တပ် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်၍ ဒေသခံ အမျိုးသမီး တဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည်သည် ဆိပ်မူကျေးရွာ ရပ်ကွက် (၃) နှင် ဆိပ်မူအုပ်စု ဘဇံချောက် ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူများအနက် တဦးမှာ စိုးရိမ်ရကြောင်း သိရသည်။

ဆိပ်မူရပ်ကွက် (၃)မှ ဒေသခံ သုံး ဦးနှင့် ဘဇံချောက် ရပ်ကွက်မှ ဒေသခံ ငါးဦး လက်နက်ကြီးကျည် ထိမှန်ခဲ့ခြင်းဖြစ်သည်။

“ည ၁၂ နာရီခွဲက ပစ်တာ အချက် ၁၉ ချက်၊ အချက် ၂၀ လောက်ရှိတယ်။ ဖားကန့်တပ်မကုန်းက ပစ်တာ ၁၂၀ မမတွေနဲ့။ ပြည်သူတွေနေတဲ့နေရာတွေ ကျရောက်ပေါက်ကွဲတာ။ ပွဲချင်းပြီးသေတဲ့ သူက မျက်နှာကြီး ပျက်စီးသွားတာ။ မစိုးရိမ်ရတဲ့ သူတွေကတော့ လက်ကလေးတွေ ခြေထောက်ကလေးတွေမှန်တာပေါ့ဗျာ” ဟု ဖားကန့်တွင် နေထိုင်သူ ကိုစိုးကြီးက ပြောသည်။

သေဆုံးသူ အမျိုးသမီး ( အသက် ၅၀ ခန့်)မှာ မျက်နှာ ကျည်ထိမှန် ဒဏ်ရာရကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး စိုးရိမ်ဒဏ်ရာရသူ အမျိုးသားမှာ မြစ်ကြီးနားဆေးရုံသို့ သွားရောက်ကာ ဆေးကုသမှု ခံရယူရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထိခိုက်သူများတွင် စစ်ကော်မရှင် အလယ်တန်းကျောင်းမှ ကျောင်းဆရာတဦး

ပါဝင်ကြောင်းလည်း ဒေသခံက ဆိုသည်။

ပစ်ခတ်မှုကြောင့် ဆိပ်မူရပ်ကွက်(၃)မှ ဒေသခံ နေအိမ် နှစ်လုံး နှင့် စာသင်ကျောင်း၊ ဘဇံချောက်ရပ်ကွက်မှာ ဒေသခံ နေအိမ် ငါးလုံး ပျက်စီးသွားကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် ယမန်နေ့ ည ၈ နာရီ မိနစ် ၄၀ အချိန်ခန့်က ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ မော်မောင်းလယာန်ကျေးရွာရှိ ဂတုံးဆန်းကုမ္ပဏီကို စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...
ဓာတ်ပုံ - မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း က တွေ့ရစဉ်။ / မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေး
August 18, 2026
အာဏာသိမ်းကာလအတွင်း စစ်အုပ်စုတပ် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြိုင်မြို့နယ်၊ ဝဲတူးရေနံမြေအတွင်းသို့...
ဓာတ်ပုံ - မဇ္ဈိမ
August 18, 2026
ကချင်ပြည်အတွင်း မြေရှားသတ္တုတူးဖော်သည့်နေရာ ၅၁၄ ခုအထိ ရှိလာပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး...