ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး လင်မယားနှစ်ဦး သေဆုံး

ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး လင်မယားနှစ်ဦး သေဆုံး

သျှမ်းပြည် ကျောက်မဲမြို့နယ် ခေးနင်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး လင်မယားနှစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၄ ရက်) ည ၁၀နာရီကျော် ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်ထားသည့် နောင်ပိန်ဘက်ခြမ်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ခေးနင်းကျေးရွာအုပ်စု ကုန်းကော်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး လင်မယားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မက်မန်းကုန်းကော်က လင်မယားနှစ်ယောက် လက်နက်ကြီးမှန်ပြီး ဆုံးတာ၊ အဲ့ဘက်မှာ လမ်းပိတ်ထားလို့ သွားကူထုတ်လို့လည်း မရဘူး။ ရွာထဲက အိမ်တွေလည်း အပျက်အစီးများတယ်”ဟု စစ်ဘေးရှောင်ကူညီသူ ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ခေးနင်းကျေးရွာအုပ်စု ကုန်းသာရွာမှ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးသူ လင်မယားနှစ်ဦးမှာ ဦးဝါယမနှင့် ဒေါ်လှခင် ဟု သိရပြီး လက်ရှိအချိန်ထိ အလောင်းထုတ်ယူနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ဩဂုတ်လ ၂၉ ရက်တွင် နောင်ချိုစစ်ကောင်စီတပ်မှ ဂုတ်ထိပ်တဖက်ကမ်း ကျောက်မဲမြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီးပစ်ကူဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် နားအိုက်ခန့်ကျေးရွာအုပ်စု ခိုက်တုန်ဟုန်းကျေးရွာနေ အသက် (၅၁) နှစ်အရွယ်ရှိ ဦးစိုးမောင် သည် လက်နက်ကြီးစ ထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

March 26, 2026
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား...
March 25, 2026
“သံလွင် မြစ်ရေစီးသန်အားကြီးတယ် ဒို့သျှမ်းပြည်အလယ်…လွယ်လွယ်နဲ့ကူးဖြတ်နိုင်မယ်မထင်” ဆိုသည့် တေးဆို...
March 25, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့်...
March 24, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး...