ကလေး - တမူး လမ်းကို ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကော်မရှင်တပ်က ကြိုးပမ်းနေ

ကလေး - တမူး လမ်းကို ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကော်မရှင်တပ်က ကြိုးပမ်းနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း အိန္ဒိယ - မြန်မာနယ်စပ်ကို ဆက်သွယ်ထားတဲ့ ကလေး - တမူး အာရှလမ်းမကြီးကို အာဏာသိမ်းစစ်ကောင်မရှင်တပ်က ရွေးကောက်ပွဲမတိုင်ခင် ပြန်လည်ထိန်းချုပ်နိုင်ဖို့ အသည်းအသန် ပြန်တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူတွေကပြောပါတယ်။

ကလေး - တမူး အာရှလမ်းမကြီးဘေးမှာရှိတဲ့ ကလေးမြို့ကနေ မိုင်၂၀ ဝန်းကျင်လောက်မှာရှိတဲ့ ကံသာယာကျေးရွာထိကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားပြီး အာဏာသိမ်းစစ်အုပ်စုက ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကစလို့ လူအင်အား၊ လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူတွေနဲ့ အပြင်းအထန် တောက်လျောက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေ သိရှိသူတွေက ပြောပါတယ်။

ကလေး - တူမူးကားလမ်းမကြီးအနီးနား နေထိုင်သူတစ်ဦးက “ကံသာယာကို သိမ်းနိုင်ဖို့ အသည်းအသည် လက်နက်ကြီးတွေနဲ့ ဆိုနေ့တိုင်း အဆက်မပြတ်ချနေကြတယ် လေယာဉ်နဲ့လည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း လေယာဉ်နဲ့ ချတာ နောက်ပြီး ကလေးမြို့ဘက်ကနေလည်း အမြောက်နဲ့ပစ်ကူတယ် အဲဒီပစ်ကူတဲ့ အမြောက်က ပစ်မှတ်မရောက်ဘဲ ကျေးရွာအနီးအနား အခင်းတွေထဲကျရောက်တယ် ဒေသခံ ထိခိုက်မိတာမျိုးတော့ မကြားမိသေးဘူး တိုက်ပွဲတွင်း စစ်ကောင်စီဘက်ကလည်း အထိခိုက်များတယ် သူတို့အလောင်းတွေ သယ်တဲ့ကားတွေဆိုနည်းတာမဟုတ်ဘူး တွေ့နေရတယ်” လို့ပြောပါတယ်။

စစ်အုပ်စုဟာ နန်းစောင်းပုရွာသစ်ကနေ လက်နက်ကြီးအထိုင်ချပြီး နေ့ညအစဉ်မပြတ် လက်နက်ကြီးနဲ့ ပစ်ခတ်

နေသလို ကုန်းကြောင်းအင်အားအမြောက်အများနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကလေး - တမူးလမ်းမကို ၁၂ လပိုင်းအတွင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ ပြင်ဆင်နေကြတယ်လို့လည်း စစ်ရေးအခြေအနေသိရှိသူ တစ်ဦးက ပြောပါတယ်။

“တောင်အမြင့်ဆုံးပေါ်တွေကနေ လက်နက်ကြီးအထိုင်ချပြီးတော့ စိတ်ကြိုက်ကိုပစ်နေတယ်လို့ပြောတယ် နေ့ရောညရောမနားတမ်းကို ပစ်တယ်လို့သိရတယ် မြို့ထဲကနေဆိုရင် အမြောက်တပ်ကနေလည်းပစ်တယ် ကြားတာက ၁၂ လပိုင်းအတွင်းကို ကလေး - တမူးလမ်းအကုန်လုံးပွင့်နိုင်ဖို့အထိ ဘာညာ အော်နေကြတာ ကြားရတယ်။ ကံကြီးတို့ကိုလည်း ထိုးစစ်ဆင်ဖို့ လုပ်နေတယ်လို့လည်း သိရတယ်” လို့ ပြောပါတယ်။

လက်ရှိစစ်အုပ်စုထိုးစစ်ဆင်နေတဲ့ ကံသာယာကျေးရွာဟာ ကလေးမြို့နေ မိုင် ၂၀ ဝန်းကျင်ခန့်ဝေးကွာပြီး စစ်အုပ်စုတပ်ရင်းဌာနချုပ်တွေ အမြောက်အများရှိတဲ့ စခန်းကြီးကျေးရွာနဲ့ ၅ မိုင်ခန့် အကွာအဝေးမှာ တည်ရှိတာ ဖြစ်ပါတယ်။

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...