ဖလမ်းမြို့နယ် လုမ်ဘန် နဲ့ပါရ်သဲ ရွာကြား လမ်းပိုင်း ပြတ်ကျပြီး ကွင်းလမ်းမှာလည်း ကားတစီး ပျက်သွားတာကြောင့် ကားကြီးများ သောင်တင်နေ

ဖလမ်းမြို့နယ် လုမ်ဘန် နဲ့ပါရ်သဲ ရွာကြား လမ်းပိုင်း ပြတ်ကျပြီး ကွင်းလမ်းမှာလည်း ကားတစီး ပျက်သွားတာကြောင့် ကားကြီးများ သောင်တင်နေ

ဖလမ်းမြို့နယ်ရှိ လုမ်ဘန်ရွာနဲ့ ပါရ်သဲရွာအကြား လမ်းကျဉ်းတဲ့နေရာမှာ လမ်းမြေသား ပြိုကျတာကြောင့် ကုန်တင်ကားကြီးများ ဖြတ်မောင်းနိုင်ခြင်းမရှိဘဲ ကွင်းလမ်းမှ မောင်းနေရကြောင်း၊ ယခုရက်ပိုင်းအတွင်း ကွင်းလမ်းမှာ ၁၂ ဘီးကား တစ်စီး ပျက်သွားခဲ့တာကြောင့် ကုန်တင်ကားကြီးများ သောင်တင်နေခဲ့ရကြောင်း ကားသမားများထံမှ သိရပါတယ်။

“လုမ်ဘန်ရွာ နဲ့ ပါရ်သဲရွာကြားက လမ်းကျဉ်းတဲ့ နေရာမှာ ဩဂုတ် ၁၆ ရက်နေ့က လမ်းအောက်ဘက် ပြိုကျ တော့ Forland ၃ ကျင်း အထက်ကားတွေက ဖြတ်မောင်းလို့ မရတော့ဘူး။ ဒိုင်နာ၊ ဂျစ်ကား၊ အိမ်စီးကားနဲ့ မှန်လုံ ကားငယ်တွေကတော့ ဖြတ်လို့ရတယ်။ ကုန်တင်ကားတွေက ကွင်းလမ်းကနေ သွားနေရာကနဲ့ ပြီးခဲ့တဲ့ တပတ် လောက်က ၁၂ ဘီးကားတစီး ကွင်းလမ်းမှာ ပျက်သွားတော့ အခုလို ကုန်တင်ကားကြီးတွေ သောင်တင်သွားတာ” လို့ ခရီးသွား ပြည်သူတဦးက ပြောပါတယ်။

လမ်းပြုပြင်ပေးမယ့် စက်ယန္တရား အကူအညီ မရတာကြောင့် လုမ်ဘန်ရွာနဲ့ ပါရ်သဲရွာကြားရှိ လမ်းအောက်ပိုင်း ပြိုကျတဲ့နေရာကို ကားသမားများမှ လုပ်အားပေး ပြုပြင်နေရကြောင်း၊ ၁၂ ဘီးကား နဲ့ Forland ကဲ့သို့သော ကုန်တင်ကားကြီးများ အပါအဝင် ၄ ကျင်းအထက် ကားကြီးများ သောင်တင်နေဆဲ ဖြစ်ကြောင်း အဆိုပါ ခရီးသွားသူ၏ ပြောပြချက် အရ သိရပါတယ်။

“အဆင်းကားကြီး တချို့ကတော့ လားသီးရွာဘက်ကနေ ကွင်းကြတယ်။ လားတီးရွာက ချင်းတောင်ရဲ့ ခရမ်းချဉ်သီး အထွက်ဆုံးရွာပေါ့။ အဲလမ်းက ကျဉ်းတော့ ကားတွေ အမြန်မထွက်နိုင်ဘူး။ အန္တရာယ်လည်း အရမ်းများတယ်” လို့ ကုန်တင်ကား ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

ဂိတ်ထိုးပြီး လမ်းကြေးကောက်တဲ့ အဖွဲ့အစည်းတွေ ရှိခဲ့ပေမယ့် လမ်းပျက်တာကျတော့ ပြုပြင်မယ့်သူ မရှိဘူးလို့ လည်း ခရီးသွားတစ်ဦးထံမှ သိရှိရပါတယ်။

“လုမ်ဘန်း နဲ့ သိုင်းငင်းကြား တနေရာမှာ လမ်းကြေး ကောက်ကြတယ်။ ကား အသေးတွေဆို ကျပ်တစ်သောင်း က စကောက်ပြီး အကြီး အသေးအလိုက် ကောက်ကြတာ။ ကားကြီးတွေဆို ကျပ်ငါးသောင်းထိ ပေးရတယ်။ လမ်းပျက်တော့ သူတို့က ပေါ်မလာခဲ့ဘူး” လို့ လည်း အဆိုပါ ခရီးသွားမှ ပြောပါတယ်။

၂၀၂၅ ခုနှစ် မေလ ၁၉ ရက်နေ့ မနက်မှာ စစ်ကော်မရှင်တပ်စစ်သားများ ခိုင်ကမ်းမြို့ကနေ ချင်းတောင်သို့ စစ်ကြောင်းထိုးခဲ့ပြီး နောက်ပိုင်း ကလေး-သိုင်းငင်းလမ်းကို ပိတ်ပစ်ခဲ့တာကြောင့် ကုန်တင်ကားများဟာ ကလေး-ဝေဘူလ-ဗားရ်တံတား လမ်းကို အသုံးပြု ကုန်သွယ် ကြပြီး ဗားရ်တံတားကတဆင့် သက်ဆိုင်ရာ ဒေသ အသီးသီးကို သွားခဲ့ရ ပါတယ်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...