စစ်ကော်မရှင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပတိုငံကျေးရွာနဲ့ အနီးအနားက လူထုတွေ တိမ်းရှောင်နေရ

စစ်ကော်မရှင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပတိုငံကျေးရွာနဲ့ အနီးအနားက လူထုတွေ တိမ်းရှောင်နေရ

စစ်ကော်မရှင် စစ်ကြောင်းက ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုး လှုပ်ရှားမှုတွေရှိနေပြီး လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုတွေကြောင့် ပတိုငံကျေးရွာနဲ့ အနီးအနားက လူထုတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

“ကျနော်တို့ သွားတော့ ဟိုမှာ လက်နက်ကြီးက တဒိန်းဒိန်းပဲ တင့်ကားတွေလည်း ပါတယ်။ကျနော်တို့ ရွာထဲမှာ ခေါ်ထုတ်နေချိန်ကို သုံးလေး‌လုံးလောက်ကျတယ် တော်တော် နီးတယ်လို့တော့ ပြောလို့ရတယ်။ဘာလို့ဆို ကျနော်တို့တောင် ခါသွားတဲ့ အနေထားမှာရှိတယ်” လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်တဲ့ karenni hope ရဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ် နေသလို လေယာဉ်ပျံဝဲမှုလည်း ရှိတယ်လို့ သိရှိရပါတယ်။ ဒေသခံတွေကတော့ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်နေတဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ပတိုငံ ကျေးရွာနဲ့ အနီးနားရွာတွေ အရေးပေါ် ရှောင်တိမ်းနေရပြီး နေရာထိုင်ခင်းအတွက် လိုအပ်ချက်ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ job for Kayah တာဝန်ခံတစ်ဦးက အခုလို ပြောပါတယ်။

“ပတိုငံ ‌ကားလမ်း အရှေ့ခြမ်းမှာ စစ်ကော်မရှင်ရောက်တာ၊ ရှောင်ရတာက ပတိုငံ‌ရွာနဲ့ စစ်ရှောင်တွေ လက်နက်ကြီးတွေ ကျတာကြောင့် ကွိုင်ငံရွာသစ် ၊ ကွိုင်‌ငံ ၊ ငံရိုးတို့က ပြည်သူတွေ စစ်ရှောင်တွေ ရှောင်ကြတာ။အဓိကတော့ နေရာထိုင်ခင်းပေါ့။ နေရာထိုင်ခင်း၊ တဲ ၊ အမိုးအကာ အရေးပေါ်လိုအပ်နေတယ်” လို့ သူက ဆိုပါတယ်။

ဩဂုတ်လအစောပိုင်းကစပြီး ဒီးမော့ဆိုမြို့တွင်းက နေရာတွေကို စစ်ကော်မရှင် စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။ လူထုနေထိုင်ရာဖက်ကို စစ်ကြောင်းထိုးမှု ရှိနေသလို လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်ဗုံးကြဲတာကိုလည်း စစ်ကော်မရှင်က လုပ်ဆောင်နေတာပါ။

ဒီကနေ့ မနက် (၈)နာရီခွဲ ဝန်းကျင်မှာလည်း စစ်ကောင်စီက Y -12 လေယာဉ်နဲ့ စစ်ရှောင်စခန်း တစ်နေရာကို ဗုံးကြဲတာကြောင့် ကလေးငယ်နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

March 27, 2026
ခဲသတ္တုထွက်ရှိတဲ့ ကရင်နီပြည် ၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသမှာ လတ်တလော ခဲဈေးမတည်ငြိမ်တာနဲ့...
ပုံဟောင်းအသုံးပြုထားသည်
March 26, 2026
ကရင်နီပြည်တွင်းက မြို့နယ်တရားရုံး အမှတ် (၄) နယ်မြေဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းနဲ့...
March 25, 2026
စောအယ်ကညော — မိုးတိမ်တွေ အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးအောက်မှာ ထွန်စက်တွေနဲ့...
March 25, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသမှာ ခဲဝယ်ယူသူတွေ နည်းပါးလာတာကြောင့် ခဲတွေကို...