ဟားခါးမြို့မှာ ဘုရားကျောင်းကအပြန် အဖမ်းခံရသူတွေထဲကနေ ၅ ဦး ထပ်မံ လွတ်လာတယ်လို့ သိရ

ဟားခါးမြို့မှာ ဘုရားကျောင်းကအပြန် အဖမ်းခံရသူတွေထဲကနေ ၅ ဦး ထပ်မံ လွတ်လာတယ်လို့ သိရ
Photo - CW
Photo - CW

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့က HBC ဘုရားကျောင်းက အပြန် အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီးတာခံရတဲ့ လူငယ်အယောက် ၄၀ ဝန်းကျင်ထဲကနေ မနေ့ သြဂုတ်လ ၁၂ ရက်နေ့မှာ ၅ ယောက် ထပ်မံလွတ်လာတယ်လို့ ဟားခါးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

သြဂုတ်လ ၃ ရက်နေ့က HBC ဘုရားကျောင်းကနေ ပြန်လာတဲ့ လူငယ်အယောက် ၄၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး အဲဒီဖမ်းဆီးခံရသူတွေထဲ ပထမအကြိမ် ကျောင်းသား ၇ ဦးနှင့် ဆေးရုံဆင်းလာခါစ လူငယ် ၁ ဦးတို့က ပြန်လွတ်ခဲ့ပြီး ဒုတိယကြိမ် မနေ့သြဂုတ်လ ၁၂ ရက်နေ့မှာ ၅ ဦးထပ်မံလွတ်မြောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဟားခါးမြို့ဒေသခံတစ်ဦးက “ မနေ့က ၅ ယောက်တော့ ပြန်လွတ်လာတယ်၊ ကျန်တဲ့ မနေ့တနေ့ သြဂုတ်လ ၁၀ ရက်နေ့က ဖမ်းဆီးခံရတဲ့သူတွေတော့ လွတ်လာတာမျိုးမသိရဘူး အခုတလော လုံခြုံရေးအရမ်းတင်းကြပ်တယ်” လို့ပြောပါတယ်။

သြဂုတ် ၁၀ ရက်နေ့ကလည်း ဟားခါးမြို့ ၊ ပြည်တော်သာရပ်ကွက် ၊ မြို့မဈေးအနီးမှာ ဘုရားကျောင်းက ပြန်လာတဲ့ လူငယ်အမျိုးသား ၁၀ ဦး ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့က ဖမ်းဆီးခံရတဲ့ လူငယ်အမျိုးသားတွေဟာ ၁၈ နှစ်ကနေ ၃၀ နှစ်အကြား အရွယ် လူငယ်တွေလို့ သိရပြီး ဘာကြောင့် အခုလို ဖမ်းဆီးတာလဲဆိုတာတော့ မသိရဘဲ စစ်တပ်အနေနဲ့ ဟားခါးမြို့တွင်း ကင်းလှည့်တာတွေ၊သွားလာနေတဲ့ ပြည်သူတွေကို ရပ်တန့်စစ်ဆေးတာတွေ မြို့ဝင်မြို့ထွက် လုံခြုံရေး အင်အားတိုးချဲ့ စစ်ဆေးတာတွေကို ပိုလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

July 9, 2026
အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အသက်သွေးကြောဖြစ်သည့် ကလေး - တမူး လမ်းမကြီးပေါ်ရှိ...
July 4, 2026
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ကြိုးပမ်းခဲ့သည့် ချင်းတိုင်းရင်းသူ တရား...
July 2, 2026
ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ ကာလမှာ  စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြရတဲ့...
June 30, 2026
ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်း ၅...