ဟားခါးမြို့မှာ ဘုရားကျောင်းကအပြန် အဖမ်းခံရသူတွေထဲကနေ ၅ ဦး ထပ်မံ လွတ်လာတယ်လို့ သိရ

ဟားခါးမြို့မှာ ဘုရားကျောင်းကအပြန် အဖမ်းခံရသူတွေထဲကနေ ၅ ဦး ထပ်မံ လွတ်လာတယ်လို့ သိရ
Photo - CW
Photo - CW

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့က HBC ဘုရားကျောင်းက အပြန် အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီးတာခံရတဲ့ လူငယ်အယောက် ၄၀ ဝန်းကျင်ထဲကနေ မနေ့ သြဂုတ်လ ၁၂ ရက်နေ့မှာ ၅ ယောက် ထပ်မံလွတ်လာတယ်လို့ ဟားခါးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

သြဂုတ်လ ၃ ရက်နေ့က HBC ဘုရားကျောင်းကနေ ပြန်လာတဲ့ လူငယ်အယောက် ၄၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး အဲဒီဖမ်းဆီးခံရသူတွေထဲ ပထမအကြိမ် ကျောင်းသား ၇ ဦးနှင့် ဆေးရုံဆင်းလာခါစ လူငယ် ၁ ဦးတို့က ပြန်လွတ်ခဲ့ပြီး ဒုတိယကြိမ် မနေ့သြဂုတ်လ ၁၂ ရက်နေ့မှာ ၅ ဦးထပ်မံလွတ်မြောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဟားခါးမြို့ဒေသခံတစ်ဦးက “ မနေ့က ၅ ယောက်တော့ ပြန်လွတ်လာတယ်၊ ကျန်တဲ့ မနေ့တနေ့ သြဂုတ်လ ၁၀ ရက်နေ့က ဖမ်းဆီးခံရတဲ့သူတွေတော့ လွတ်လာတာမျိုးမသိရဘူး အခုတလော လုံခြုံရေးအရမ်းတင်းကြပ်တယ်” လို့ပြောပါတယ်။

သြဂုတ် ၁၀ ရက်နေ့ကလည်း ဟားခါးမြို့ ၊ ပြည်တော်သာရပ်ကွက် ၊ မြို့မဈေးအနီးမှာ ဘုရားကျောင်းက ပြန်လာတဲ့ လူငယ်အမျိုးသား ၁၀ ဦး ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့က ဖမ်းဆီးခံရတဲ့ လူငယ်အမျိုးသားတွေဟာ ၁၈ နှစ်ကနေ ၃၀ နှစ်အကြား အရွယ် လူငယ်တွေလို့ သိရပြီး ဘာကြောင့် အခုလို ဖမ်းဆီးတာလဲဆိုတာတော့ မသိရဘဲ စစ်တပ်အနေနဲ့ ဟားခါးမြို့တွင်း ကင်းလှည့်တာတွေ၊သွားလာနေတဲ့ ပြည်သူတွေကို ရပ်တန့်စစ်ဆေးတာတွေ မြို့ဝင်မြို့ထွက် လုံခြုံရေး အင်အားတိုးချဲ့ စစ်ဆေးတာတွေကို ပိုလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ မနေ့ သောကြာနေ့ ဇန်နဝါရီလ ၂၃ ရက်ညမှာ ကျင်းပတဲ့ ONE Championship...
January 23, 2026
၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာစစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်...
January 22, 2026
ချင်းပြည်နယ်မှာ “စိတ်ကျန်းမာရေး၊ ကျား၊ မရေးရာ နှင့် ပဋိပက္ခများ” သုတေသနအစီရင်ခံစာ ပြုလုပ်စဉ်...
January 20, 2026
ချင်းအမျိုးသားတက္ကသိုလ်(Chin National University) မှာ ဘွဲ့ကြို ၊ ဘွဲ့လွန်...