ဟားခါးမြို့ပေါ်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ရဲအုပ်တစ်ဦးသေဆုံး

ဟားခါးမြို့ပေါ်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ရဲအုပ်တစ်ဦးသေဆုံး

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့လယ်ခေါင်မှာ ဒီကနေ့ သြဂုတ်လ (၇) ရက်နေ့ နေ့လည်ပိုင်းလောက်က ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား ထိတွေ့ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ရဲအုပ်တစ်ဦးသေဆုံးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ပါတယ်။

ဟားခါးဒေသခံတစ်ဦးက “ဒီကနေ့ ၁၁ နာရီဝန်းကျင်လောက်မှာ မြို့ပေါ်တနေရာမှာ လက်နက်ငယ်၊ လက်နက်ကြီးသံတွေ ကြားကြရတယ်။ ဘယ်ရပ်ကွက်မှာ ဖြစ်တာလဲဆိုတာတော့ အတိအကျ မသိဘူး။ ဟားခါးမှာ အခုတလော နေ့တိုင်းလိုလို သေနတ်သံတွေကြားနေရတယ်။ ဟိုတလောက စကစရွေးကောက်ပွဲအကြောင်း ပြောကတည်းကနေ နေ့တိုင်းလိုလို ပစ်ခတ်သံရှိတယ်” လို့ ပြောပါတယ်။

ဟားခါးမြို့က ရဲအုပ်ဟာ ကားမောင်းနေစဉ် ပစ်ခတ်မှုခံခဲ့ရတာဖြစ်ပြီး ရဲစခန်းဘက်ကို ထွက်ပြေးတိမ်းရှောင်ပေမယ့် ရဲစခန်းအတွင်း ရောက်တဲ့အချိန် ဒဏ်ရာပြင်းထန်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့လည်း CHRO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဟားခါးမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့ညကလည်း မြို့တွင်းပစ်ခတ်မှုတွေ လက်နက်ကြီး ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး အရပ်သားထိခိုက်မှုတွေ ရှိခဲ့သလို ဩဂုတ်လ ၃ ရက်နေ့လည်မှာ ဟားခါးမြို့ပေါ်က လူငယ် အယောက် ၄၀ ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးတာမျိုးတွေ ရှိခဲ့တယ်လို့ CHRO က သတင်းထုတ်ပြန်ထားပါတယ်။

February 9, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့အနီးအနားရှိ တောတောင်ဒေသတွေ အတွင်း ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့...
February 7, 2026
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ၂၀၂၁ ခုနှစ်စက်တင်ဘာလကနေ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ...
February 6, 2026
ဖလမ်းမြို့နယ်အတွင်းနဲ့ မြေပြန့်ဒေသ အပါအဝင် မီဇိုရမ်ပြည်ကို ရောက်ရှိနေတဲ့ ဖလမ်းမြို့နယ်က...
February 5, 2026
ရွှေ့ပြောင်းအခြေချသူဦးရေများစွာရှိတဲ့ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ မှတ်ပုံအသစ်ပြုလုပ်တာ...