ကွတ်ခိုင်နှင့် မိုင်းလုံမြို့ကို စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ ကလေးအပါအဝင် အရပ်သား (၇) ဦး သေဆုံးပြီး (၉) ဦး ဒဏ်ရာရ

ကွတ်ခိုင်နှင့် မိုင်းလုံမြို့ကို စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ ကလေးအပါအဝင် အရပ်သား (၇) ဦး သေဆုံးပြီး (၉) ဦး ဒဏ်ရာရ

သျှမ်းပြည်၊ ကွတ်ခိုင်မြို့ပေါ်သို့ လူအိပ်မောကျချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအပါအဝင် (၆) ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင်လ ၃၀ ရက်) နံနက်အစောပိုင်း ၁ နာရီခန့် လူအိပ်မောကျချိန်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၂) ရှိ ရာစုသစ်-၂ ဟိုတယ်ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် မြေးအဖွား အပါအဝင် (၆) ဦး သေဆုံးပြီး (၈) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရာစုသစ်ဟိုတယ်နား ဗုံးကျတယ်၊ သူ့ဘေးက အိမ်တွေလည်း ထိတယ်။ အဲ့နားမှာ ဗန်းမော်ဘက်က စစ်ရှောင်လာတဲ့ အဘွားတစ်ယောက်နဲ့ သူ့မြေးလေး တစ်ယောက်လည်း ပွဲချင်းပြီးဆုံးတယ်၊ တခြားလူတွေလည်း ဒဏ်ရာရတယ်။ ဒီမနက် ထပ်တွေ့တဲ့ ယောကျ်ားလေး အလောင်းနဲ့ဆို စုစုပေါင်း ၆ ယောက် သေတယ်” ဟု ကွတ်ခိုင်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ယမန်နေ့ (ဇူလိုင်လ ၂၉ ရက်) ညနေပိုင်း ၅ နာရီကျော်တွင် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်ရှိ မိုင်းလုံမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခန္တီရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး နေအိမ် (၁၀) လုံးခန့် ဗုံးစထိမှန် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ယမန်နေ့ တစ်ရက်တည်းတွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ အရှေ့ပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ မိုးရွာထဲ ဂျက်ဖိုက်တာဖြင့် ဆက်တိုက်ဗုံးကြဲခဲ့ခြင်းကြောင့် မင်းတံတားရပ်ကွက်၊ ရွှေဘုံသာရပ်ကွက်နှင့် BOC ကားကြီးကွင်းအနီး ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး (၁) ဦး အပါအဝင် အရပ်သား (၃) ဦး သေဆုံး၍ စုစုပေါင်း (၁၈) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဇူလိုင်လအတွင်း နောင်ချို၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံ၊ သီပေါ၊ မိုးကုတ်နှင့် ကွတ်ခိုင်မြို့များသို့ လေကြောင်းဖြင့် စုစုပေါင်း အကြိမ် (၃၀) နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသမီးနှင့် ကလေး အပါအဝင် အရပ်သား (၁၃) ဦး သေဆုံးကာ (၅၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်တို့ ထိန်းချုပ်နိုင်ခဲ့သည့် နောင်ချိုမြို့နှင့် သပိတ်ကျင်းမြို့တို့ကို စစ်ကောင်စီတပ်မှ ဇူလိုင်လအတွင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် TNLA ထိန်းချုပ် မိုးကုတ်၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့ကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်ပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...