ဖရူဆို အနောက်ဘက်ခြမ်းက ဒေလကြိုအုပ်စုမှာ စစ်ဘေးရှောင် ကလေးနဲ့ လူကြီးတွေ ဖျားနာမှု များနေ

ဖရူဆို အနောက်ဘက်ခြမ်းက ဒေလကြိုအုပ်စုမှာ စစ်ဘေးရှောင် ကလေးနဲ့ လူကြီးတွေ ဖျားနာမှု များနေ

ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေလကြိုအုပ်စုမှာ ဇူလိုင်လ ဒုတိယပတ်က စတင်လို့ တပတ်ကျော်ကြာ မိုးရွာသွန်း‌နေပြီး စစ်ဘေးရှောင် ကလေးငယ်နဲ့ လူကြီး‌တွေပါ ဖျားနာမှုများနေတယ်လို့ စစ်ဘေးရှောင် ကူညီရေး လုပ်ဆောင်နေသူ မဒေစီက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“မိုးတပတ် ဆက်တိုက်ရွာတော့ အများအားဖြင့် ကလေးတွေဆို ကိုယ်ပူတယ်၊ ပြီးတော့ နှာစေးချောင်းဆိုးတာမျိုး ဖြစ်ကြတာပေါ့၊ အရမ်းအေးလို့ ဖြစ်တာပေါ့” လို့ သူက ပြောပါတယ်။

ဒါ့အပြင် တောတောင်တွေကြာမှာပဲ စာသင်ကျောင်းဖွင့်ထားတဲ့အတွက် ခြင်၊ ဖြုတ်တွေ ကိုက်ခံရတာကြောင့် ယားယံမှုတွေလည်း ဖြစ်နေပါတယ်။

ဖျားနာသူများတဲ့အတွက် ဆေးဝါးလိုအပ်မှုလည်း ရှိနေပါတယ်။

“အရင်တုန်းကတော့ အခြေခံဆေး နည်းနည်းပါးပါးရှိတော့ အဲတာကြိုသောက်လိုက်ရင် ကောင်းတာပေါ့၊ အခုခါကျတော့ မရှိတော့ခါကျတော့ ဘယ်လိုမှရှာလို့လည်း မရှိဘူးပေါ့၊ ခေါင်းကိုက်လည်း ကျိတ်ခံနေရတာမျိုး ရှိတာပေါ့” လို့ သူက ဆက်ပြောပါတယ်။

ဖရူဆို အနောက်ဘက်ခြမ်း ဒေလကြိုအုပ်စုထဲက စစ်ဘေးရှောင် အချို့ဟာ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းမရှိတော့တာ ၂ နှစ်ကျော်ပြီးလို့လည်း ဒေသခံတွေကပြောပါတယ်။

ဝေးလံခေါင်ဖျားတဲ့ဒေသဖြစ်တာကြောင့် ဆေးရုံ၊ ဆေးခန်းသွားဖို့ လက်လှမ်းမမီဘူးလို့ သိရပါတယ်။

မိုးရွာသွန်းမှု ရက်ဆက်နေတာ‌ကြောင့်လည်း ဒေသတွင်း သွားလာရ ခက်ခဲနေပါတယ်။

ဖရူဆို အနောက်ဘက်ခြမ်းက ဒေလကြိုအုပ်စုမှာ စစ်ဘေးရှောင်စခန်း ၃ ရှိပြီး လူဦးရေ တစ်ထောင်နီးပါးအထိ ရှိနေပါတယ်။

July 17, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်...
July 17, 2026
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့...
July 16, 2026
ရှမ်း-ကရင်နီနယ်စပ်ရှိ တောင်သူအချို့သည် လက်ရှိ မိုးရာသီ စိုက်ပျိုးချိန် ရောက်ရှိနေပြီဖြစ်သော်လည်း...
July 15, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်နှင့် ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တို့တွင် စစ်တပ်၏...