အမ်းနှင့် မြောက်ဦးမြို့နယ်တို့ရှိ စစ်ဘေးရှောင် ၄ဝဝဝ ကျော်အတွက် ဝေဟင်အောင်ပရဟိတအဖွဲ့က ကျပ်သိန်း ၅၀၀ ခန့်ထောက်ပံ့

အမ်းနှင့် မြောက်ဦးမြို့နယ်တို့ရှိ စစ်ဘေးရှောင် ၄ဝဝဝ ကျော်အတွက် ဝေဟင်အောင်ပရဟိတအဖွဲ့က ကျပ်သိန်း ၅၀၀ ခန့်ထောက်ပံ့

ရခိုင်ပြည်ရှိ အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားသည့် အမ်းနှင့် မြောက်ဦးမြို့နယ်တို့ရှိ စစ်ဘေးရှောင် ၄ဝဝဝ ကျော်အတွက် ဝေဟင်အောင်ပရဟိတအဖွဲ့က ကျပ်သိန်း ၅၀၀ ခန့်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာတွင် စစ်ဘေးရှောင်အဖြစ်ခိုလှုံနေကြသည့် အိမ်ထောင်စု ၆၈၈ စုရှိ လူဦးရေ ၂၅၀၄ ဦးအား ကျပ်သိန်းငွေ ၁၈၀ ကို ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။

ထို့အတူ မြောက်ဦးမြို့နယ်ရှိ ကျေးရွာ ခုနစ်ရွာတွင် ခိုလှုံနေထိုင်သည့် စစ်ဘေးရှောင် အိမ်ထောင်စု ၅၆၄ စုရှိ လူဦးရေ ၁၆၆၁ ဦးအားလည်း တစ်မိသားစုလျှင် ကျပ်ငွေ ငါးသောင်းကျပ်နှုန်းဖြင့် ကျပ် ၂၈၂ သိန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

လက်ရှိမိုးရာသီတွင် တောတောင်တို့၌ စစ်လက်ကျန်မိုင်းများရှိနေမည်ကို စိုးရိမ်ပူပင်နေ၍ လုပ်ကိုင် စားသောက်ရန် အခက်အခဲဖြစ်နေသူများအား ယခုလိုလှူဒါန်းရခြင်းဖြစ်ကြောင်း ကိုဝေဟင်အောင်က နိရဉ္စရာကို ပြောသည်။

"မိုးရာသီမှာ တောတောင်တွေကို မတက်ရဲကြဘူး။ စစ်လက်ကျန်ပစ္စည်းတွေ ကျန်ခဲ့မှာကြောက်တယ်။ အမ်းမြို့နယ်ဆိုလည်း လယ်ယာချောင်းမြောင်းနည်းပါးတယ်။ တောတောင်ကို မှီခိုပြီးရပ်တည်နေရတာ။ စားရေးသောက်ရေးခက်ခဲနေတော HDCO က အကြောင်းကြားလာလို့ ထောက်ပံ့ပေးခဲ့တာဖြစ်တယ်" ဟု ပြောသည်။

ယခုလှူဒါန်းငွေများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်အောက်ရှိ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)မှတဆင့် လွဲှပြောင်းထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ လှူဒါန်းငွေများကို ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များက ဝေဟင်အောင်ပရဟိတအဖွဲ့မှတဆင့် ပေးပို့လှူဒါန်းထားခြင်းဖြစ်သည်ဟုလည်း သိရသည်။

HDCO ၏ စာရင်းအရ ရခိုင်လွတ်မြောက်နယ်မြေများတွင် စစ်ဘေးရှောင်ဦးရေ ခြောက်သိန်းကျော်ရှိသည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...
(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...