ဖရူဆိုက အမှတ်၁၄ စစ်လေ့ကျင့်ရေးတပ်ကို စစ်တပ်က ရိက္ခာနဲ့ လက်နက်ခဲယမ်းထပ်မံ ဖြည့်တင်း၊ ဒေသခံလူထုတွေ စိုးရိမ်

ဖရူဆိုက အမှတ်၁၄ စစ်လေ့ကျင့်ရေးတပ်ကို စစ်တပ်က ရိက္ခာနဲ့ လက်နက်ခဲယမ်းထပ်မံ ဖြည့်တင်း၊ ဒေသခံလူထုတွေ စိုးရိမ်

ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်မှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းကို လေယာဥ်နဲ့ ရိက္ခာ၊ လက်နက်ခဲယမ်းတွေကို ထပ်မံဖြည့်တင်းချပေးနေတယ်လို့ တွေ့ရှိရတဲ့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“လေယာဉ်နဲ့ ပတ်ပြီး ပစ္စည်းချတာ တွေ့တယ်။ ၁၄ တပ်မှာပေါ့။ လေယာဉ် မီးခိုးထွက်တာတွေ လေယာဉ် ဖြေးဖြေးလေး သွားတာမျိုး တွေ့နေရတယ်” လို့ ဖရူဆိုဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လလယ်နဲ့ ဇူလိုင်လ အစောပိုင်းမှာလည်း ဖရူဆိုမြို့ထဲက ခမရ ၅၃၁၊ ခမရ ၄၂၈ တပ်စခန်းတွေဆီ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဖရူဆိုမြို့နယ်အတွင်း စစ်ရေးအခြေအနေအရ တည်ငြိမ်နေပေမယ့် စစ်ကောင်စီရဲ့ ခပ်စိပ်စိပ် ရိက္ခာနဲ့ လက်နက်ခဲယမ်း ဖြည့်တင်းတာမျိုး ရှိနေကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

“စိုးရိမ်တာပေါ့၊ လေယာဉ် ပတ်ပြီး ၁၄ တပ်မှာ ပစ္စည်းချနေတာ” လို့ နောက်ထပ်ဒေသခံတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ ဖရူဆိုမှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိပဲ မြို့ပြင်၊ ရပ်ကွက်၊ ကျေးရွာအချို့တွေမှာ စစ်ကောင်စီ တပ်တွေက ကင်းလှည့်၊ ကင်းရှည်ယူထားတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာတော့ ခမရ (၅၃၁)၊ ခမရ (၄၂၈)၊ မြို့မရဲစခန်းနဲ့ အမှတ် (၁၄) တန့်မြှင့်လေးကျင့်ရေး ကျောင်း စတဲ့ တပ်စခန်းတွေ ရှိနေပါတယ်။

July 4, 2026
ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် ငှက်ဖျားရောဂါ အဖြစ်များနေသော်လည်း...
July 3, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာတွင်...
July 2, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက လွိုင်နန်းဖရေထိန်းတမံကို...
July 1, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဖွံ့ဘော်ခွတ်မြို့နယ်မှာ မိုးတွင်းကာလ...