MDF ဒု - ဥက္ကဌကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့အတူ မီဇိုရမ်ပြည်နယ်မှာ ဖမ်းဆီးခံရ

MDF ဒု - ဥက္ကဌကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့အတူ မီဇိုရမ်ပြည်နယ်မှာ ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင် Tuipangကျေးရွာမှာ ဇူလိုင်လ ၁၇ ရက်နေ့က Maraland Defense Force(MDF )ဒု - ဥက္ကဌဟာ စစ်ဘက် ဆိုင်ရာပစ္စည်း သယ်လာတဲ့ ကားပေါ်ပါလာလို့ ခဏ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ MDF ဘက်က တာဝန်ရှိသူတစ်ဦးက Chin World Mdeia ကို ပြောပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Maraland Defense Force (MDF )တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “MDF ဒု - ဥက္ကဌကို ဖမ်းဆီးခံရတယ်ဆိုတာ ဟုတ်ပါတယ်။ သူ့ပစ္စည်းတော့ မဟုတ်ပေမဲ့ စစ်ဘက်ဆိုင်ရာ သယ်လာတဲ့ ကားပေါ်တက်လာလို့ သူ့လဲ ခဏစစ်ဆေးနေတဲ့ သဘောပါ။ သူက လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်ဆိုတော့ ရဲတွေက နည်းနည်း အကြမ်းကိုင်ချင်တဲ့သဘောပါ” လို့ ပြောပါတယ်။

Maraland Defense Force (MDF) ရဲ့ ဒု - ဥက္ကဌကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့အတူ ဇူလိုင်လ ၁၇ ရက်နေ့မှာ မီဇိုရမ် ပြည်နယ် ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့က ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုလို ဖမ်းဆီးခံရတာဟာ တိုင်တန်းတဲ့သူရှိတာကြောင့်လို့ သိရပြီး လက်ရှိအချိန်မှာ သူပြန်လည်လွတ်မြောက်လာဖို့အတွက်ကိုလည်း ကြိုးစားဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။

MDF ရဲ့ ဒု - ဥက္ကဌ အပါအဝင် လူသုံးဦးကို အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ဓာတ်ပုံတွေလည်း ဖေ့ဘုတ်လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့နေတာကိုလည်း တွေ့နေရပါတယ်။

August 25, 2026
- ULA ရဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ အမျိုးသမီးပါဝင်မှုရှိပေမယ့် ဆုံးဖြတ်ပိုင်ခွင့်နေရာတွေမှာ...
August 25, 2026
- ရှမ်းပြည်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ မြေရှားသတ္တုတူးဖော်မှုတွေ ပိုမိုများပြားလာနေတယ်လို့...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
August 24, 2026
- စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ လုပ်ငန်းစဉ်အတွင်း ပြည်သူတွေ ပစ်မှတ်ထား...