MDF ဒု - ဥက္ကဌကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့အတူ မီဇိုရမ်ပြည်နယ်မှာ ဖမ်းဆီးခံရ

MDF ဒု - ဥက္ကဌကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့အတူ မီဇိုရမ်ပြည်နယ်မှာ ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင် Tuipangကျေးရွာမှာ ဇူလိုင်လ ၁၇ ရက်နေ့က Maraland Defense Force(MDF )ဒု - ဥက္ကဌဟာ စစ်ဘက် ဆိုင်ရာပစ္စည်း သယ်လာတဲ့ ကားပေါ်ပါလာလို့ ခဏ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ MDF ဘက်က တာဝန်ရှိသူတစ်ဦးက Chin World Mdeia ကို ပြောပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Maraland Defense Force (MDF )တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “MDF ဒု - ဥက္ကဌကို ဖမ်းဆီးခံရတယ်ဆိုတာ ဟုတ်ပါတယ်။ သူ့ပစ္စည်းတော့ မဟုတ်ပေမဲ့ စစ်ဘက်ဆိုင်ရာ သယ်လာတဲ့ ကားပေါ်တက်လာလို့ သူ့လဲ ခဏစစ်ဆေးနေတဲ့ သဘောပါ။ သူက လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်ဆိုတော့ ရဲတွေက နည်းနည်း အကြမ်းကိုင်ချင်တဲ့သဘောပါ” လို့ ပြောပါတယ်။

Maraland Defense Force (MDF) ရဲ့ ဒု - ဥက္ကဌကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့အတူ ဇူလိုင်လ ၁၇ ရက်နေ့မှာ မီဇိုရမ် ပြည်နယ် ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့က ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုလို ဖမ်းဆီးခံရတာဟာ တိုင်တန်းတဲ့သူရှိတာကြောင့်လို့ သိရပြီး လက်ရှိအချိန်မှာ သူပြန်လည်လွတ်မြောက်လာဖို့အတွက်ကိုလည်း ကြိုးစားဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။

MDF ရဲ့ ဒု - ဥက္ကဌ အပါအဝင် လူသုံးဦးကို အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ဓာတ်ပုံတွေလည်း ဖေ့ဘုတ်လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့နေတာကိုလည်း တွေ့နေရပါတယ်။

January 27, 2026
- ကျောက်ဖြူမှာ စစ်ကော်မရှင် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုမြင့်တက်လာနေပါတယ်။ -...
January 27, 2026
- လာမဲ့ ၇၉ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ်အတွက် ရှမ်းပြည်တောင်ပိုင်း...
January 26, 2026
-  ကချင်ပြည် ဗန်းမော်မြို့နယ်မှာ နာရေးရက်လည် ဆုတောင်းပွဲ လူအုပ်ထဲကို စစ်ကော်မရှင်က...
January 26, 2026
- မွန်နဲ့ ကရင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ မုဒုံ-ရေလယ်-ဘုရားသုံးဆူလမ်းပိုင်းကို...