ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို သွားလာလို့ရပြီဖြစ်ကြောင်း စစ်ကောင်စီထုတ်ပြန်ပေမဲ့ မြေပြင်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေဆဲ

ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို သွားလာလို့ရပြီဖြစ်ကြောင်း စစ်ကောင်စီထုတ်ပြန်ပေမဲ့ မြေပြင်မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေဆဲ

စစ်ကောင်စီဟာ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် ဆက်သွယ်ရေးလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားတာရှိပေမဲ့ မြေပြင်မှာတော့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေဆဲပဲလို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

မြေပြင်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တာကြောင့် ဆက်သွယ်ရေးလမ်း အသုံးပြုသွားလာမှု မရှိသေးဘူးလို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“မိုးဗြဲဖက်တော့ လက်ရှိတော့ တိုက်ပွဲတွေ ဖြစ်နေလို့ သွားလာတာတော့ မရှိသေးပါဘူး။” လို့ မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် ဆက်သွယ်ရေးလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်နေပြီး လွိုင်ကော်မြို့ကနေ ဟိုပုံး၊ တောင်ကြီး၊ အောင်ပန်းနဲ့ ကလော စတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို သွားလာနိုင်ပြီဖြစ်တယ်လို့  ဖော်ပြထားပါတယ်။

အခုလို စစ်ကောင်စီရဲ့ အသိပေးထုတ်ပြန်ချက်အပေါ် လွိုင်ကော် ဒေသခံ အမျိုးသားတစ်ဦးက “လိုင်းကားတွေတော့ မပြေးသေးပေမဲ့ ကုန်ကားတွေတော့ ဝင်နေပြီ။” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် ဆက်သွယ်ရေးလမ်းကြောင်းအခြေအနေကို အခုလိုထုတ်ပြန်လာတာပါ။

စစ်ကောင်စီရဲ့ အသိပေးထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မိုးဗြဲဒေသခံ အမျိုးသားတစ်ဦးက “သူတို့(တော်လှန်ရေး)  ထိန်းချုပ်နိုင်မှု အားနည်းဦးမယ်ဆိုရင်တော့ ပြည်ထောင်စုလမ်းမကြီး ပြည်သူတွေအသုံးပြုဖို့တော့ အခက်အခဲရှိနိုင်ပါတယ်။” လို့ ဆိုပါတယ်။

လက်ရှိ ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်လိုက်တာဟာ လွိုင်ကော်မြို့အတွင်း  ကုန်စည်စီးဝင်၊ စီးထွက်မှုအတွက်လည်း  ပိုမိုလွယ်ကူလျင်မြန်စေမှာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  လွိုင်ကော်မြို့နဲ့  လက်ရှိစစ်ဘေးဒဏ်သင့် မြို့ရွာမှာရှိတဲ့  ဒေသခံပြည်သူလူထုတွေရဲ့  အခြေခံစားကုန်၊ လူသုံးကုန်ပစ္စည်းတွေရဲ့  ခက်ခဲ၊ ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကနေလည်း  အထိုက်အလျောက် သက်သာစေမှာဖြစ်တယ်လို့ လည်း စစ်ကောင်စီရဲ့ အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...