မော်ချီးကို မကြာခန လေကြောင်းဗုံးကြဲမှုကြောင့် အလုပ်သမားတချို့ နေရပ်ပြန်၊ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေ

မော်ချီးကို မကြာခန လေကြောင်းဗုံးကြဲမှုကြောင့် အလုပ်သမားတချို့ နေရပ်ပြန်၊ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေ

တိုက်ပွဲ ဖြစ်ပွားတာမရှိတဲ့ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာတာကြောင့် မော်ချီးဒေသခံတချို့ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြသလို တခြားဒေသကနေ ခဲလုပ်ငန်းကိုလာရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတချို့လည်း နေရပ်ပြန်ကြပါတယ်။

“ဒီနားကျ(မော်ချီး) နယ်ခံ တွေထက် ရပ်ဝေးက ပိုများတယ်။ တချို့ကျ ဒီမှာ အခြေချတာကြာပြီ။ နယ်ခံ နာမည်ခံ ပေါ့။ သူတို့ မွေးရပ်ကို ပြန်သွားကြတာ” လို့ မော်ချီးသေခံတွေက ပြောပါတယ်။

မော်ချီးဒေသခံတွေကတော့ လုံခြုံမယ်လို့ ယူဆရတဲ့ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပြီး သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို အဓိကထားပြီး ရွှေ့ပြောင်းနေကြတယ်လို့လည်း မော်ချီးဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လိုင်လ ၁၄ နဲ့ ၁၅ ရက်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုအပြီးမှာ အခုလို နေရပ်ပြန်သူတွေ များလာတာလို့ မော်ချီးဒေသခံတွေက ပြောပါတယ်။

“တချို့တွေလဲ ပြန်ကုန်ပြီပေါ့။ ပြန်တာက ဒီမှာကလဲ အဆင်မပြေတော့ နည်းနည်းပါးပါးတော့ ကျန်တာပေါ့။ သုံး၊ လေးယောက်။ တချို့ဆို လေး၊ ငါးယောက် အဲ့လောက်ပဲကျန်တာပေါ့။ သူတို့က ရပ်ဝေးကနေ လာအလုပ်လုပ်တဲ့ သူတွေပေါ့။ သူတို့ နောက်ပိုင်းမှာ သူတို့မိသားစုတွေရှိတော့ စိတ်ပူကြတာပေါ့။ ဒီမှာ ဒီလိုဖြစ်တယ် (လေယာဉ်ဗုံးကြဲ)ဆိုတော့ သူတို့မနေရဲ ကြဘူးပေါ့။” လို့ ခဲကျင်းဦးစီးမှုးတစ်ဦးက ပြောပါတယ်။

အလုပ်သမားတွေ မရှိတော့တဲ့အတွက် တချို့ခဲကျင်းလုပ်ကွက်တွေကို နားထားရတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ၂၀၂၅ တစ်နှစ်အတွင်း မော်ချီးဒေသကို ၉ ကြိမ်အထိ လေကြောင်းဗုံးကြဲမှုကို ပြုလုပ်ထားပါတယ်။

မော်ချီးဒေသဟာ ခဲမဖြူ၊ အဖြိုက်နက် ထွက်ရှိရာ ဒေသဖြစ်ပြီး ခဲလုပ်ငန်းကို လုပ်ကိုင်လာတာ နှစ်ပေါင်း တရာကျော်ရှိနေပြီ ဖြစ်ပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...