ဒုဗိုလ်မှူးကြီးသေဆုံသောတိုက်ပွဲအပြီး ရွာ ၁၀ ကျော် ကို စစ်ကောင်စီတပ် မီးရှို့

ဒုဗိုလ်မှူးကြီးသေဆုံသောတိုက်ပွဲအပြီး ရွာ ၁၀ ကျော် ကို စစ်ကောင်စီတပ် မီးရှို့

ပဲခူးတိုင်း၊ သာယာ၀တီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းတာဆုံ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရခြင်းကြောင့် ဒုဗိုလ်မှူးကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသွား၍ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့က ရွာပေါင်း ၁၀ ကျော်ကို မီးရှို့ဖျက်ဆီးထားသလို ဒေသခံထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးနေကြရသည်။

မင်းလှမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၁၉ ရက်နေ့မှစ၍ စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်ပြီး ယမန်နေ့ (ဇူလိုင် လ ၂ ရက်) အထိ ကျေးရွာ ပေါင်း ၁၄ ရွာမှ နေအိမ်ပေါင်း၂၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးထားကြောင်း မင်းလှမြို့နယ် (ပကဖ) အဖွဲ့က ပြောသည်။

“တချို့ ရွာတွေမှာ စစ်ကောင်စီတပ်သားတွေ ရှိနေသေးလို့ စာရင်းကောက်ယူနိုင်ခြင်းမရှိသေးဘူး” ဟု မင်းလှ မြို့နယ် (ပကဖ) တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီတွင် မင်းလှမြို့နယ်၊ အုတ်တွင်းရွာအနီးရှိ စစ်ကောင်စီတပ်၏ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ မင်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင် (၁) ဒုတိယဗိုလ်မှူးကြီးရန်နိုင်အောင် အပါအဝင် စစ်ကောင်စီတပ်သားများ သေဆုံးခဲ့သည်။

ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့သည် အင်အား ၅၀၀ နီးပါ အသုံးပြုပြီး မင်းလှနယ်အရှေ့ ခြမ်းရှိ ကျေးရွားများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ ကျေးရွာများအတွင်း၌လည်း တပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ထားကြောင်း သိရသည်။

နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းအပြင် ဒေသခံပြည်သူများကို ဖမ်းဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ပြုလုပ်နေကြောင်း မင်းလှမြို့နယ် (ပကဖ) တာဝန်ရှိသူတဦးက ပြောသည်။

ယမန်နေ့တွင် ဇရစ်မျှောင်ကျေးရွာကို မီးရှို့ ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်သားများက ရွာထဲမှ အမျိုးသမီး ငါး ဦးကိုလည် ကျေးရွာဘုန်းကြီးကျောင်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့က စစ်ရှောင်နေတာ၊ ရတဲ့အချိန်လေး အိမ်ပြန်ပြီး လိုတာယူရင်း ဖမ်းခံရတာ၊ အခုထိတော့ ပြန်လွတ်ပြီလို့ မကြားသေးဘူး” ဟု ယနေ့ နေ့လည်ပိုင်းတွင် ဒေသခံတဦးက မဇ္ဈိမသို့ ပြောသည်။

ဖမ်းဆီးခံရသူများမှာ ဇရစ်မျှောင်ရွာခံများ ဖြစ်ကြသည့် မသင်းသင်းဦး၊ မပါပါ၊ မအသေး၊ မမိချိုနှင့် နောက်ထပ် အမျိုးသမီး တဦးတို့ ဖြစ်ကြောင်း မင်းလှမြို့နယ်(ပကဖ) အဖွဲ့ ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကြောင့် မင်းလှနယ်အရှေ့ခြမ်းမှာရှိတဲ့ ကျေးရွာများဖြစ်သည့်ကျွဲမကိုင်း၊ ရွေးကုန်း၊ စမ်းဘုတ်၊ ကျွန်း ကုန်း၊ ဆားချောင်း(အရှေ့)၊ ခွက်မ၊ ငလှစမ်း၊ ငမိုးရိပ်၊ ဇရစ်မျှောင်၊ ရွှေပေါက်ပင်၊ တောင်လိမ်၊ ကံသုံးဆင့်၊ ထောက်ကြန့်၊ သရော်ကုန်၊ ဘန့်ဘွေးပင်၊ ဆားချောင်း(အနောက်)၊ ဆင်အိုင်ချောင်းပေါက်စသည့် ကျေးရွာ များအပါအဝင် ကျေးရွာပေါင်း ၄၀ ကျော်မှ ထောင်နှင့်ချီသည့်ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။

Most read this week

February 18, 2026
မောင်ခက်နွေ — စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)...
February 17, 2026
ဂျူချန်း — ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ...
ဓါတ်ပုံ- စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနှင့် တီမောသံရုံးယာယီတာဝန်ခံတို့အား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ တီမောသံရုံးယာယီတာဝန်ခံအား လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မတိုင်ခင် မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် အကြောင်းကြားခဲ့ကြောင်း စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် ထုတ်ပြန်သည်။ (MOI)
February 16, 2026
ရန်ကုန်မြို့ရှိ တီမောနိုင်ငံ၏ သံရုံးယာယီတာဝန်ခံ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာအား လာမည့်...
February 13, 2026
စိုင်းခန့် — ကရင်နီပြည်ရှိ သံလွင်မြစ်အတွင်း Arsenic (အာဆင်းနစ်) ၊ ခဲနှင့် ပြဒါး အပါအဝင်...