ဒေလကြိုကျေးရွာမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များပြီး ဆေးဝါးအကူအညီလိုအပ်နေ

ဒေလကြိုကျေးရွာမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များပြီး ဆေးဝါးအကူအညီလိုအပ်နေ

ကရင်နီပြည်၊ ဖွံဘော်ခွတ်မြို့နယ်၊ ဒေလကြိုကျေးရွာမှာ ဇွန်လအတွင်းက ဖျားနာပြီး ဝမ်းပျက်ဝမ်းလျှောတွေ အဖြစ်များနေကြတယ်လို့ ကျန်းမာရေး ဦးစီးအရာရှိ က ပြောပါတယ်။

“စစခြင်း ထဖြစ်တာကတော့ အသက် ၁၁ နှစ်မှ ၁၈ ကြား ဖြစ်တယ်။ နောက်ပိုင်းကတော့ ၅ နှစ်အောက်ရော သက်ကြီးပိုင်း၊ သက်လတ်ပိုင်းတွေ အကုန်ဖြစ်လာတယ်။” လို့ အဆိုပါ ကျန်းမာရေး ဦးစီးအရာရှိက ပြောပါတယ်။

အဆောင်နေ ကျောင်းသူ၊ ကျောင်းသားတွေကနေ စဖြစ်ကြပြီး စစ်ရှောင်နဲ့ ရွာခံတွေ ထပ်ဖြစ်လာကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ သက်သာသွားတဲ့သူတချို့ရှိပေမယ့် အများစုကတော့ ဖြစ်ပွားနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

“ဖြစ်များတဲ့လက္ခဏာတွေကတော့ အဖျားကြီး၊ဝမ်းသွား၊ ဗိုက်နာ၊ ခေါင်းကိုက်၊ တချို့ကသွေးပါ။ တချို့က အန်တယ်” လို့ ကျန်းမာရေး ဦးစီးအရာရှိ က ဆက်ပြောပါတယ်။

ဖြစ်သွားရတဲ့ အကြောင်းရင်းကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာလဲ ဖြစ်ပွားနေကြဆဲဖြစ်ပြီး နွေဦးကျန်းမာ ဆရာဝန်များနဲ့ ကုသမှုပေးကာ ဓာတ်ဆားအပြင် ဝမ်းပျက်ဝမ်းလျှောနဲ့ သက်ဆိုင်တဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ အဆိုပါ ကျန်းမာရေး ဦးစီးအရာရှိ က ပြောပါတယ်။

ဒေလကြိုကျေးရွာမှာ ဒေသခံ ၂၀၅ ဦး၊ စစ်ရှောင် ၄၃၄ ဦ၊ အဆောင်နေ ကျောင်းသူ/ကျောင်းသား ဦးရေ ၁၀၀ ကျော် နေထိုင်ကြပါတယ်။

ဓါတ်ပုံ - สำนักงานประชาสัมพันธ์ จังหวัดแม่ฮ่องสอน ( မယ်ဟောင်ဆောင်ခရိုင် ပြည်သူ့ဆက်ဆံရေးရုံး)
June 23, 2026
ဒုက္ခသည်တို့ရဲ့ စီမံခန့်ခွဲမှုကို စောင့်ကြည့်လေ့လာဖို့အတွက် ထိုင်းနိုင်ငံ၊ မယ်‌ဟောင်ဆောင်ခရိုင်...
June 22, 2026
ဇွန် ၂၁ ရက်နေ့မှာ ကျရောက်တဲ့ (၁၅၁) ကြိမ်မြှောက် ကရင်နီအမျိုးသားနေ့မှာ ကရင်နီပြည်တွင်း၊ IEC ရဲ့...
June 20, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက တောင်ယာခင်းထဲ သွားလာကြတဲ့ တောင်သူတွေကို...
June 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ စစ်ရှောင်စခန်းတနေရာက စာသင်ကျောင်းမှာ...