နောင်ချိုမြို့ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံး ၈၀ ကျော်ကြဲချဟု DPLA ပြော

နောင်ချိုမြို့ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံး ၈၀ ကျော်ကြဲချဟု DPLA ပြော

သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ အပြင်းအထန်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၄ ရက် မနက်ပိုင်းမှစ၍ နောင်ချိုမြို့နယ် ရွှေသွန်းကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း (DPLA) ၏ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ကတော့ တိုက်ပွဲတွေနှစ်ဘက် တော်တော်လေးတိုက်ပွဲပြင်းထန်ခဲ့တယ်။ ဒီနေ့တော့ငြိမ်နေတယ်။ ဒီရက်ပိုင်းကတော့ အပြင်းအထန်ပြန်ထိုးစစ်ဆင်တာမျိုးရှိတယ်ဗျ။ စစ်မျက်နှာကလည်း ကျယ်တယ်။ နောင်ချို ရပ်စောက် ဗထူးလမ်းမကြီးတစ်လျှေက်ကို ပြန်ထိုးစစ်ဆက်လာတာပါ” ဟု (DPLA) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို တိုက်ပွဲများပြင်းထန်နေသည့် ရွှေသွန်းကျေးရွားအနီးတဝိုက်ကို ဦးတည်၍ စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ဗုံးအလုံး ၈၀ ကျော်ကြဲချခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) မှ ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“မနေ့ကတော့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြင်းထန်ခဲ့ပါတယ်။လေးကြောင်းဗုံးကြဲတာကို အရင်ထပ် ပိုသုံးလာတာပါ။သူတို့ အထိနာတဲ့ အချိန်ဆို လေယာဉ်ပိုပြီး သုံးလေ့ရှိတယ်။Jet Fighter သုံးစီး၊Y-12 သုံးစီး နဲ့ မနက်ကနေ ညထိဗုံးကြဲတာပါ” ဟု (DPLA) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ ထိုတိုက်ပွဲဖြစ်ပွားသည့် နေရာများကို ပေါင် ၅၀၀ ဗုံးနှင့် ပေါင် ၃၀၀ ဗုံးအပါအဝင် ဗုံးအလုံး ပေါင်း ၈၀ ကျော်ကို ဂျက်လေယာဉ် ၊ Y -12 ဖြင့် ဇွန်လ ၂၄ ရက် မနက် ၉ နာရီမှ ည ၇ နာရီကျော်အထိ တနေကုန်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ၊ ဒရုန်းများ နှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို အသုံးပြု၍ နောင်ချိုမြို့အနီးတဝိုက်‌တွင် အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျှက်ရှိနေကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဇွန် ၂၂ ရက်တွင် နောင်ချိုမြို့ သရက်ကုန်ကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ ဇွန် ၂၁ ရက်တွင်လည်း နောင်ချိုမြို့ သံဘိုကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးအလုံး (၅၀) ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

August 17, 2026
သျှမ်းပြည်၊ 'ဝ'တပ်ဖွဲ့ (UWSA) ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ...
ဓါတ်ပုံ - ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပနေသည့် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ အခမ်းအနားပုံ
August 15, 2026
“အကျပ်အတည်းနှင့် ဖြစ်နိုင်ခြေကြားမှ မြန်မာ့ အသွင်ကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ဖြင့်...
August 14, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်...
သိန္နီရှိ ရေအားလျှပ်စစ် စီမံကိန်းအား MNDAA တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်
August 13, 2026
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေ...