ဝိုင်းမော်-ချီဖွေ လမ်းပိုင်းက ဒွန်ဘန်တံတား ပျက်စီးနေတာကြောင့် ယာဉ်ကြီးတွေ သွားရေးလာရေးခက်ခဲ

ဝိုင်းမော်-ချီဖွေ လမ်းပိုင်းက ဒွန်ဘန်တံတား ပျက်စီးနေတာကြောင့် ယာဉ်ကြီးတွေ သွားရေးလာရေးခက်ခဲ

ကချင်ပြည်နယ် ဝိုင်းမော်-ချီဖွေ လမ်းပိုင်းက ဒွန်ဘန်တံတား ပျက်စီးနေတာကြောင့် ယာဉ်ကြီးတွေ သွားရေးလာရေး ခက်ခဲနေတယ်လို့ သိရပါတယ်။

ကားကြီးတွေနဲ့ သယ်လာတဲ့ကုန်တွေကို အဲဒီတံတားနားအရောက်မှာ ရပ်နားပြီး တံတားတစ်ဖက်ကမ်းကို ကုန်ထမ်းသူတွေကနေတစ်ဆင့် သယ်ယူ(ကဲ့ယူ)နေကြရတယ်လို့ ချီဖွေမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒွန်ဘန်တံတားကျိုးခါနီးနေပြီ။ ဘယ်လိုဖြစ်လာမလဲတော့မသိဘူး။ ဘယ်အချိန်မှ ပြန်ကောင်းမွန်လာနိုင်မလဲဆိုတာ မသိဘူး။ အဲဒါတော့ စိုးရိမ်ပူပန်စရာပဲ။ အဲဒီမှာသာ ဖြတ်မရတော့ဘူးဆိုရင် အချိန် (ကုန်ရောက်ချိန်) ကြာနိုင်တယ်"

တံတားတစ်ဖက်ကမ်းအထိ ကုန်တွေကူးနိုင်ဖို့ ကုန်ထမ်းခတွေ  ပေးရတာကြောင့် ချီဖွေမြို့နယ်ဘက်မှာ ကုန်ဈေးနှုန်းတွေ အရင်ကထက်ပိုမြင့်တက်လာနိုင်ခြေ ရှိနေတယ်လို့လည်း ဒေသခံက ဆက်လက်ဆိုပါတယ်။

ပန်ဝါနယ်စပ်ဂိတ်ကနေ ကုန်ပစ္စည်းတွေဝင်တာရှိပေမဲ့ သတ္တုလုပ်ငန်းဆိုက်တွေ အတွက်သာဖြစ်တယ်လို့ ကြားသိရကြောင်းနဲ့ ဒေသတွင်းပြည်သူတွေကတော့ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ဘက်က ကုန်တွေကိုသာ ဝယ်ယူရတာဖြစ်တယ်လို့ သိရပါတယ်။

ဒွန်ဘန်တံတားဟာ ဝိုင်းမော်နဲ့ ချီဖွေမြို့ကြား မန်ဒေါင်ကျေးရွာအနီးမှာတည်ရှိတဲ့ တံတားတစ်ခုဖြစ်ပြီး အဲဒီနယ်မြေတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ  မနှစ်ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားတာပါ။

ပြည်သူတွေသွားရေးလာရေး အတွက်သာမက ဒေသအတွင်းကုန်စည်စီးဆင်းမှုအတွက်ပါ အရေးပါတဲ့ တံတားတစ်ခုဖြစ်တာကြောင့်  KIA အနေနဲ့ အမြန်ဆုံးပြုပြင်မွမ်းမံပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တည်ဆောက်ထားတဲ့ တံတားဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက ရေကြီးရေလျှံဖြစ်ချိန် ရေတိုက်စားခံရပြီးနောက် တံတားနဲ့တံတားရဲ့ ကွန်ကရစ်တိုင်တွေ အက်ကွဲတာ ကျိုးကျတာတွေ ဖြစ်ခဲ့တာပါ။

လွန်ခဲ့တဲ့ရက်သတ္တပတ်ကပဲ KIA က တံတားဖြတ်သန်းသွားလာမှုကို စောင့်ကြပ်ပြီး ယာဉ်ကြီးတွေကို ဖြတ်သန်းသွားလာခွင့်မပြုတော့ဘဲ ယာဉ်ငယ်တွေနဲ့ ဆိုင်ကယ်တွေကိုသာ သွားလာခွင့်ပြုထားပြီး တံတားတစ်ဖက်တစ်ချက်မှာ ယာဉ်ကြီးတွေ ပိတ်မိနေတယ်လို့လည်း သိရပါတယ်။

April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...
April 21, 2026
ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ၃ ရက်ကြာလာတဲ့အချိန်...
ဓါတ်ပုံ(Credit)- EEDY
April 20, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့မှာ  ဝန်ထမ်းအတွဲ ၆၀ ရဲ့...
April 11, 2026
ကချင်ပြည်နယ်အတွက် အဆိုပြုထားတဲ့ ဝန်ကြီး ၇ ယောက်နဲ့ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နဲ့...