မူဆယ် သိန်းသန်းချီကားကွင်း စစ်ဆေးမှုတင်းကြပ် ကုန်ကားများမဝင်ရဲ

မူဆယ် သိန်းသန်းချီကားကွင်း စစ်ဆေးမှုတင်းကြပ် ကုန်ကားများမဝင်ရဲ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ သိန်းသန်းချီကားကွင်းတွင် စစ်ကောင်စီတပ်၊ လူဝင်မှုကြီးကြပ်ရေး (လဝက) နှင့် ရဲတပ်ဖွဲ့များက စစ်ဆေးမှုများ တင်းကြပ်နေပြီး မြို့ထဲသို့ ကုန်တင်ကားများ မဝင်ရဲဖြစ်နေကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၂ ရက်မှစတင်၍ မူဆယ်မြို့ရှိ သိန်းသန်းချီကားကွင်းတွင် စစ်ကောင်စီတပ်၊ လူဝင်မှုကြီးကြပ်ရေး (လဝက) နှင့် ရဲတပ်ဖွဲ့များက စစ်ဆေးမှုများ တင်းကြပ်ထားခြင်းဖြစ်ကြောင်း မူဆယ်မြို့ ကုန်သည်တစ်ဦးက ပြောသည်။

“အခုနောက်ပိုင်း သူတို့အရမ်းစစ်တယ်၊ ကုန်တင်ကားတွေကို မူဆယ်မြို့ထဲကို ပေးမဝင်ဘူး။ မန္တလေးဘက်မှလာတဲ့ ကုန်တင်ကားပဲဖြစ်ဖြစ်၊ တရုတ်ပြည်ဘက်မှလာတဲ့ ကုန်တင်ကားပဲဖြစ်ဖြစ် မြို့ထဲကို ပေးမဝင်ဘူး။ အဲ့ကြောင့် ကျနော်တို့တွေက ကားငယ်တွေနဲ့ တစ်နေ့နည်းနည်းစီ သွားသယ်ယူရတာ” ဟု ၎င်းက ပြောသည်။

ထို့အပြင် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင်လည်း စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး (လဝက) နှင့် ရဲတပ်ဖွဲ့များက စစ်ဆေးမှုများ တင်းကြပ်ထားပြီး တရုတ်ပြည်မှ တင်သွင်းလာသော ကုန်သည်များကို အခွန်ကောက်ခံနေကြောင်း သိရသည်။

ထိုဆင်ဖြူဂိတ်တွင် သုံးဘီးဖြင့် တစ်ခါတင်သွင်းလျှင် ၃,၀၀၀ ကျပ်၊ ဆိုင်ကယ်ဖြင့် တစ်ခါတင်သွင်းလျှင် ၁၀,၀၀၀ ကျပ်ဖြင့် လူဝင်မှုကြီးကြပ်ရေး (လဝက) ကို အခွန်ပေးဆောင်ရကြောင်း ကုန်သည်များက ပြောသည်။

စစ်ကောင်စီနှင့် တရုတ်က သျှမ်းမြောက်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်ရန် ကြိုးစားနေချိန် မြောက်ပိုင်းမဟာမိတ် ညီနောင်မဟာမိတ်သုံးဖွဲ့က မူဆယ် ၁၀၅ မိုင်နှင့် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် လာမည့် ဇူလိုင် ၁ ရက်မှစ၍ အွန်လိုင်းအခွန်စည်းကြပ်မှုဖြင့် တရားဝင်အခွန်ကောက်ခံသွားမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီဘက် စစ်ဆေးမှုများ တင်းကြပ်လာခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကန့်တပ် (MNDAA)၊ တအာင်း (ပလောင်) တပ် (TNLA) နှင့် အာရက္ခတပ် (AA) တို့က ၎င်းတို့ထိန်းချုပ်ထားသော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ကုန်ကားအဝင်/အထွက်များလာ၍ ကျင်းတာကုန်စည်ပို့ဆောင်ရေးဌာနမှ အွန်လိုင်းကုန်သွယ်မှု အခွန်ဆောင်တင်ပြခြင်းစနစ်ဖြင့် ယာဉ်မှတ်ပုံတင်ခြင်းကို စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း ဆိုထားသည်။

ထို့ကြောင့် ကုန်စည်ဂိတ်များ၊ ဂျူတီ (အခွန်ဆောင်) ကုမ္ပဏီများ ဇူလိုင်လ ၁ ရက်မတိုင်မီ မှတ်ပုံတင်ရန် ထုတ်ပြန်ထားသည်။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...