ဈေးထွက်ဝယ်သည့် စစ်ကောင်စီတပ်ဖွဲ့များ အလစ်အငိုက် အပစ်ခံရ၊ ၃ ဦးသေဆုံး

ဈေးထွက်ဝယ်သည့် စစ်ကောင်စီတပ်ဖွဲ့များ အလစ်အငိုက် အပစ်ခံရ၊ ၃ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သားများ အလစ်ငိုက် ပစ်ခတ်ခံရပြီးနောက် ၃ ဦး ပွဲချင်းပြီးသေဆုံးသည်ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရွာ ရဲစခန်းမှ ကောင်းစဉ်ကျေးရွာသို့ ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သား ၂၀ ခန့်အား စနိုက်ဘာဖြင့် ချောင်းမြောင်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

Zero ပြောက်ကျားတပ်ဖွဲ့မှ မြေပြင်တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ၃ ယောက်သေတာ အတည်ပြုလို့ရတာကတော့ မျက်မြင်ပေါ့။ စနိုက်ဘာနဲ့ ပစ်တာလေ။ စနိုက်ဘာဆိုတော့ ထိထိရောက်ရောက် ပစ်နိုင်မှ ရတာလေ။ အဲတော့ Scope (မှန်ပြောင်း) ထဲမှာလည်း ပေါ်နေတာပဲ။ သေချာတာတော့ ၃ လက်နဲ့ ပစ်တော့ ၃ ကောင် တိတိကျကျ မှန်ပေါ့။ Distance (အကွာအဝေး) လည်း အရမ်းကြီး မကွာဘူးလေ။ အဲတော့ ကင်းပုန်းဝပ်ပြီးမှ အပိုင်ပစ်ခဲ့တာပေါ့နော်။ အဲတော့ ၃ ယောက်လို့ မျက်မြင် အတည်ပြုနိုင်ပါတယ်” ဟု ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား ဇွန်လ ၂၀ ရက်နေ့ နံနက်အစောပိုင်း အချိန်ခန့်တွင် ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့ကတည်းက တပ်တွင်း သတင်းပေးများ၏ သတင်းပေးမှုကြောင့် လက်ဦးမှု ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နှစ်ဖက်ထိတွေ့မှုမှာ ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ၎င်းတို့ ရွေ့လျားမှုအား ကင်းပုန်းဝပ်နေသည့် Zero တပ်ဖွဲ့ဝင်များမှ တွေ့မြင်နေရသဖြင့် ၄၀ မမဖြင့် ထောက်၍ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“တန်ပြန်စစ်ကြောင်းထိုးတာမျိုးတော့ မရှိပါဘူး။ ကျနော်တို့ စခန်းထဲက တပ်ကို လာပြီးတော့ သေနတ်တွေနဲ့ ရမ်းပစ်ဖောက်တဲ့ ပုံစံမျိုးပေါ့။ ဒါမျိုးဖြစ်ပြီးတော့မှ သူတို့လည်း စခန်းထဲ ပြန်ဝင်သွားတယ်ပေါ့။ ကျနော်တို့လည်း ခွာစစ်ဆင်ပြီးတော့ ရဲဘော်တွေ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်ပေါ့” ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ က ဆက်ပြောသည်။

ဇွန်လအတွင်း မြင်းခြံခရိုင်တွင်းရှိ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်၊ မလှိုင် စသည့် မြို့နယ်တွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မကြာခဏ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြသည်ဟု ဒေသခံများနှင့် မြေပြင်တပ်ဖွဲ့ဝင်များက ဆိုကြသည်။

Most read this week

ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး
August 22, 2026
ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့်...
August 21, 2026
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည်...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...