လွိုင်ကော်မြို့ နေအိမ်တွင်း မိုင်းရှင်းလင်းရေးအတွက် ငွေကြေးပေးရတယ်လို့ ဒေသခံတွေပြော

လွိုင်ကော်မြို့ နေအိမ်တွင်း မိုင်းရှင်းလင်းရေးအတွက် ငွေကြေးပေးရတယ်လို့ ဒေသခံတွေပြော

ကရင်နီပြည်၊ လွိုင်ကော်မြို့အတွင်း စစ်ဘေးဒဏ်ခံခဲ့ရတဲ့ ရပ်ကွက်အတွင်းက နေအိမ်ခြံဝင်းတွေမှာ မြေမြှုပ်မိုင်း အမြန်ဆုံး ရှင်းလင်းပေးနိုင်ဖို့အတွက် ငွေကြေးပေးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ငွေပေးရင်တော့ မြန်တာပေါ့။ မဟုတ်ရင် ဟိုရွှေ့ဒီရွှေ့နဲ့ ကြာတယ်။ မိုင်းမရှင်းသေးပဲလည်း မနေရဲဘူးလေ” လို့ လွိုင်ကော်မြို့ခံတစ်ဦးက ၎င်းတို့ကြုံတွေ့နေရတဲ့ အခြေအနေကို ရှင်းပြပါတယ်။

မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်တွေ မြန်ဆန်စေဖို့အတွက် ငွေကြေးပေးဆောင်ရတာကို ပြုလုပ်နေရတာပါ။

သို့ပေမယ့် အဆိုပါငွေကြေးကို စစ်ကောင်စီလက်အောက်က စစ်အင်ဂျင်နီယာာတပ် (GE) တပ်ဖွဲ့ဝင်တွေကို ပေးဆောင်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့မှာ တစ်လေးလုံး စစ်ဆင်ရေးအတွင်း မြို့ရဲ့ ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။

လက်ရှိအချိန်မှာတော့ တခြားနီးစပ်ရာမြို့တွေမှာ စစ်ဘေးရှောင်တဲ့ ပြည်သူတွေလည်း လွိုင်ကော်မြို့မှာ ပြန်လည်နေထိုင်လာကြပြီး နေအိမ်ခြံဝင်းအတွင်း စစ်ကျန်ပစ္စည်းနဲ့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မိသူလည်း ရှိနေတာပါ။

လွိုင်ကော်မြို့တွင်းက ရွှေတောင်၊ နောင်ယား၊ မိုင်းလုံး၊ မင်းစု၊ ဈေးပိုင်း၊ ရှမ်းပိုင်း စတဲ့ ရပ်ကွက်တွေမှာ နေအိမ်ရှင်းလင်းရေးကို ဆောင်ရွက်လျက်ရှိပြီး ဒေသခံတွေကို ပြန်လည်နေထိုင်ခွင့်ပြုကြောင်း သိရပါတယ်။

ဒါ့အပြင် ဒေါဥခူ၊ နာနာတ်တော စတဲ့ ရပ်ကွက်တွေမှာ မကြာမီ ပြန်လည်နေထိုင်ခွင့်ရတော့မယ်လို့ ဒေသခံထံကနေ သိရှိရပါတယ်။

“မိုင်းရှင်းတာ မြန်ချင်ရင်တော့ မန်းနီး (ပိုက်ဆံ) ပေးရင်ရတယ်။ ဒီအတိုင်းဆိုရင်တော့ တစ်ရက်ကို ၃ ခြံလောက်ပဲ ပြီးတယ်။ ဘူဒိုဇာနဲ့ ရှင်းတယ်။ ပြီးရင် GE က မိုင်းဝင်ရှာတယ်။ နောက်တော့ စည်ပင်က ဝင်ရှင်းပေးတာပေါ့။ စည်ပင်ကတော့ ခြံပြင်ပဲ ရှင်းပေးတာပါ။ အဓိက, ကတော့ ကိုယ့်အိမ်ကိုရှင်းရတာပါပဲ” လို့ နောက်ထပ် လွိုင်ကော်မြို့ခံတစ်ဦးက ရှင်းလင်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ပတ်သက်ပြီး ပြောပြပါတယ်။

နေရပ်ပြန် ဒေသခံတွေကတော့ မိမိတို့ခြံဝင်းမှာ ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်နိုင်ဖို့အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ မျှော်လင့်နေကြပါတယ်။

June 26, 2026
ဒေသခံတွေ စိုက်ပျိုးရေးပြုလုပ်နေကြတဲ့ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို...
June 25, 2026
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်က ကရင်နီစစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်ကြတဲ့...
ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတနေရာက အမျိုးသမီးတဦးကို တွေ့ရစဉ် ( ဓါတ်ပုံ - ကန္တာရဝတီတိုင်း(မ်) )
June 24, 2026
ပဋိပက္ခအကျိုးဆက်ကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီး (၄၂) ရာခိုင်နှုန်းမှာ ဝင်ငွေ လုံးဝမရှိကြဘဲ၊...
ဓါတ်ပုံ - สำนักงานประชาสัมพันธ์ จังหวัดแม่ฮ่องสอน ( မယ်ဟောင်ဆောင်ခရိုင် ပြည်သူ့ဆက်ဆံရေးရုံး)
June 23, 2026
ဒုက္ခသည်တို့ရဲ့ စီမံခန့်ခွဲမှုကို စောင့်ကြည့်လေ့လာဖို့အတွက် ထိုင်းနိုင်ငံ၊ မယ်‌ဟောင်ဆောင်ခရိုင်...