ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ကျောင်းသူကျောင်းသားတွေ စာသင်တဲ့နေရာ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရ

ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ကျောင်းသူကျောင်းသားတွေ စာသင်တဲ့နေရာ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရ

- ရှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ကျောင်းသူကျောင်းသားတွေ စာသင်တဲ့နေရာ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

- ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း နေရာတချို့မှာ စက်သုံးဆီပြတ်လပ်နေပြီး စျေးမြင့်တက်လာတာကြောင့် လူထုတွေဝယ်ယူဖို့ ခက်ခဲနေကြပါတယ်။

- ဖယ်ခုံမြို့နယ် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်(PNO) ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးတွေနဲ့ ကျေးရွာအတွင်းကို ပစ်ခတ်ခဲ့ပါတယ်။ စစ်ကြောင်းကြောင့် စားဝတ်နေရေးအတွက် အားထားရတဲ့ လယ်ယာခင်း၊ ပြောင်းခင်း၊ သီးနှံခင်း ဧကပေါင်း ၁၀,၀၀၀ ကျော်ကို ချန်ထားခဲ့ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လွယ်ပေါကျေးရွာအုပ်စုအတွင်းက ကျေးရွာခံတွေရဲ့စကားသံတချို့ကို တင်ဆက်ထားပါတယ်။

September 18, 2026
- ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော် (CNA)နဲ့...
September 17, 2026
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ ကျောင်းလခတိုးမြင့်ကောက်ခံလာမှုကြောင့်...
September 16, 2026
- နန့်ယား-ဖားကန့်ကားလမ်းတစ်လျှောက်မှာ မိုးရွာသွန်းမှုများတာကြောင့် လမ်းပျက်စီးမှုတွေ...
September 16, 2026
- ရွှေကုက္ကိုလ်ဘက်က တရုတ်ကျားဖြန့်တွေ ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေထဲကို တဖြည်းဖြည်း...