ကျေးရွာအတွင်းမှ စေခိုင်းထွက်သွားခံရတဲ့ လူထုတွေရဲ့ နေအိမ်တချို့ကို PNO မီးရှို့ဆီးနေဟုဆို

ကျေးရွာအတွင်းမှ စေခိုင်းထွက်သွားခံရတဲ့ လူထုတွေရဲ့ နေအိမ်တချို့ကို PNO မီးရှို့ဆီးနေဟုဆို
ဓါတ်ပုံ - PNLA
ဓါတ်ပုံ - PNLA

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအတွင်းမှ စေခိုင်းထွက်သွားခံရတဲ့ လူထုတွေရဲ့ နေအိမ်တချို့ကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် (PNO) တွေက မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေတယ်လို့ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဆီကနေ သိရပါတယ်။

မီးရှို့ပြီး နောက်တနေ့မှာ မိုးရွာတဲ့အတွက် နေအိမ် ၆ လုံးသာ ပါသွားတယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဟုတ်ပါတယ် သူတို့ ရွာသားတွေကို မောင်းထုတ်တာမကြာဘူး မီးရှို့လိုက်တာပါ။ မီးရှို့လိုက်တာပေါ့နော်။ မီးရှို့တာက ကံကောင်းတာက ရှို့ပြီးတော့ နောက်ရက်မှာ မိုးရွာတော့ ပြီးတော့ အိမ်ကလည်း အရမ်းကြီး ကပ်တည်းဟာမျိုးမဟုတ်ဘူးပေါ့နော်။ အဲ့တော့ သက်သာသွားတယ်ပေါ့နော်။ မဟုတ်ရင် ရွာလုံးကျွတ် ပါသွားတာမျိုးဖြစ်နိုင်တယ်။ ပြည်သူလူထုရဲ့ နေအိမ် ၆ အိမ် မီးလောင်ပြာကျသွားတယ်ပေါ့“ လို့ ခွန်ရိန်းယံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့မှာ မီးရှို့ခဲ့တာဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့ညအထိ မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ နေအိမ် မီးရှို့ဖျက်စီးခံရတဲ့ ကျေးရွာဟာ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့မှာ ဆီဆိုင်မြို့နယ်အတွင်း ကျေးရွာအများစု ကျေးရွာအတွင်းကနေ ထွက်ခွာဖို့ မောင်းထုတ်ခံနေရတာတဲ့ ကျေးရွာတွေထဲက

တပူထိုးကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ တပူးထိုရွာအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေ တပ်စွဲနေထိုင်ကြတာဟာ ၄ လကျော်ရှိနေပြီလို့လည်း ခွန်ရိန်းယံက ဖြည့်စွက်ပြောဆိုထားပါတယ်။

တပူထိုးကျေးရွာဟာ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုအတွင်းကဖြစ်ပြီး နေအိမ် ၂၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...