မယ်စဲ့မြို့နယ်က စစ်ရှောင်စခန်းတနေရာမှာ အလယ်တန်းကနေ အထက်တန်းအဆင့်ကို တိုးချဲ့ဖွင့်လှစ်ရန်ပြင်ဆင်ပြီး အကူအညီတွေ လိုအပ်နေ

မယ်စဲ့မြို့နယ်က စစ်ရှောင်စခန်းတနေရာမှာ အလယ်တန်းကနေ အထက်တန်းအဆင့်ကို တိုးချဲ့ဖွင့်လှစ်ရန်ပြင်ဆင်ပြီး အကူအညီတွေ လိုအပ်နေ

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းက စစ်ရှောင်စခန်းတနေရာမှာ လာမယ့် စာသင်နှစ်အတွင်း အထက်တန်းအဆင့်တိုးချဲ့ ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စာသင်နှစ်တွေမှာတော့ အလယ်တန်းအဆင့်ထိသာ ဖွင့်လှစ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လာမယ့် စာသင်နှစ်တွေမှာတော့ အထက်တန်းအဆင့်ကို တိုးချဲ့ဖွင့်လှစ်ပေးနိုင်ဖို့ ပြင်ဆင်နေကြပြီး အလယ်တန်းနဲ့ အထက်တန်းအဆင့်အတွက် ဖတ်စာအုပ်မရှိသေးတာကြောင့် အကူအညီတွေ လိုအပ်နေတာပါ။

ကျောင်းသုံးဖတ်စာအုပ်တွေ မရှိသေးသလို မိဘတွေအနေနဲ့လဲ အလုပ်အကိုင်၊ ဝင်ငွေမရှိတာတွေကြောင့် ဝယ်မပေးနိုင်ကြဘူးလို့ အဆိုပါ စစ်ရှောင်စခန်းရဲ့ ကော်မတီဝင်တစ်ဦးက အခုလို ပြောပါတယ်။

“ကျနော်တို့ အလယ်တန်းကနေ ပြီး‌တော့အထက်တန်းအဆင့်ထိ ဖတ်စာအုပ်တွေက မရှိသေးပါဘူး။ ကျနော်တို့ ဘယ်လိုဆက်ပြီးတော့ လုပ်ရမလဲဆိုတဲ့ ဟာမျိုးတွေ အခုတိုင်ပင်နေကြတုန်းပါပဲ။ မိဘတွေကို ဝယ်ခိုင်းမယ်ဆိုရင်လည်း မိဘတွေက မဝယ်ပေးနိုင်ကြမှာတော့ သေချာတယ်။ မိဘတွေက အလုပ်အကိုင်မရှိကြဘူး။ ကျနော်တို့ နယ်စပ်တွေမှာ စစ်ရှောင်နေရတာ ဖြစ်လို့ လုပ်ကိုင်စားသောက်ဖို့ နေရာတွေက မရှိဘူးပေါ့” လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စာသင်နှစ်တွေမှာ မူလတန်း (၂) ကျောင်းနဲ့ အလယ်တန်းအဆင့် ၁ ကျောင်းဆိုပြီး စုစုပေါင်း ကျောင်း (၃) ကျောင်း ဖွင့်လှစ်ထားကာ ကျောင်းသား/သူအရေအတွက် ၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Most read this week

September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...
ဓာတ်ပုံ - ပေးပို့
September 2, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွင်းအနီး တစ်နေရာသို့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ...
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...