လုံးခင်းကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကနေ ဒေသခံအချို့ကို ဖမ်းဆီး

လုံးခင်းကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကနေ ဒေသခံအချို့ကို ဖမ်းဆီး
ပုံအညွှန်း - ဒေသခံအချို့ကို ဖမ်းဆီးသွားသည့် စစ်ကောင်စီစစ်ကြောင်း။
ပုံအညွှန်း - ဒေသခံအချို့ကို ဖမ်းဆီးသွားသည့် စစ်ကောင်စီစစ်ကြောင်း။

ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက ဒီကနေ့ မနက် ၉ နာရီခွဲခန့်လောက်ကနေ ဒေသခံအချို့ ကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လုံးခင်းတံတားဟောင်းထိပ်မှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူအချို့ကို ဖမ်ဆီးသွားတယ်လို့ KIA နဲ့နီးစပ်တဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“လမ်းသွားလမ်းလာပြည်သူတွေကို ခေါပြီး ပေါ်တာဆွဲသွားတယ်တဲ့။ လူဘယ်နယောက်ပါသွားလဲ မသိသေးဘူး။ အဲဒီဘက်မှာ လိုင်းမရှိဘူးဆိုတော့” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံနေတဲ့ ရုပ်သံအရလည်း လုံးခင်းတံတားထိပ်မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူ့အချို့ကို ဖမ်းဆီးနေတာကိုလည်း တွေ့မြင်ရပါတယ်။

ရုပ်သံဖိုင်မှာလည်း ဒေသခံအချို့ကို ဖမ်းလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရတာကိုလည်း တွေ့ရပါတယ်။

အထက်ပါ တံတားအနီး စစ်ကောင်စီရဲ့ သေနတ်ရမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒီမနက်အစောပိုင်းက လုံးခင်းကျေးရွာအုပ်စု ခွန်ဆာကုန်းကျေးရွာမှာ ယမ်းချက်စက်ရုံက စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

 ပြီးခဲ့ မေလ ၂၆ ရက်နေ့က တံတားညီနောင်ကျေးရွာအထိ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လုံးခင်းကျေးရွာအုပ်စုက စစ်ကောင်စီရဲ့ ယမ်းချက်စက်ရုံအထိ ဆက်လက်ချီတက်ခဲ့ပြီး အခုလုံးခင်းကျေးရွာအထိ ဆက်လက်ဝင်ရောက်လာကြတာပါ။

စစ်ကောင်စီဟာ ဖားကန့်ဒေသကို ပြန်လည်စိုးမိုးနိုင်ဖို့ မေလ ၄ ရက်နေ့ကစပြီး မြစ်ကြီးနား-ဖားကန့်လမ်းကို အင်အားရာကြီးပိုင်းနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး KIA/KPDF ပူပါင်းတပ်တွေကနေ ကြားဖြတ်ခုခံတိုက်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ကျဆုံးမှုတွေများပေမဲ့ စစ်ကြောင်းကို ဆက်လက်ချီတက်ခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Most read this week

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...