ပလက်ဝမြို့နယ်က ကျေးရွာတချို့မှာ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးမရှိ၊ ကုသပေးမဲ့သူမရှိလို့ သေဆုံးသူရှိလာ

ပလက်ဝမြို့နယ်က ကျေးရွာတချို့မှာ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးမရှိ၊ ကုသပေးမဲ့သူမရှိလို့ သေဆုံးသူရှိလာ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တပ်ချောင်းအုပ်စု၊ လန်ဒန်အုပ်စုက ကျေးရွာပေါင်း ၁၂ ရွာလောက်မှာ လွန်ခဲ့တဲ့ မတ်လကနေစပြီး ငှက်ဖျားရောဂါ အဖြစ်များနေကာ ဒေသခံတွေအနေနဲ့ ဆေးဝါးလုံလောက်မှုမရှိတာ၊ ကုသပေးမဲ့သူတွေမရှိတာတွေအပြင် ငွေကြေးအခက်အခဲတွေကြောင့် ငှက်ဖျားဖြစ်ပြီး သေဆုံးတဲ့အထိ ရှိလာတယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံ ဒေသခံတစ်ဦးက “ပလက်ဝမြို့နယ်မှာ ငှက်ဖျားဖြစ်တာက ကြာပြီ လွန်ခဲ့တဲ့ မတ်လကနေ  စတာပေါ့။ အသက် ၃၅ ဝန်းကျင်ရှိတဲ့ ဆရာတစ်ယောက် ဆုံးသွားတာလည်း ရှိတယ်။ ငှက်ဖျား သီးသန့်မကုနိုင်လို့  အခုလက်ရှိ အရေးပေါ်ကြုံနေရတယ်ပေါ့။ ဆေးဝါးလုံလောက်မှုမရှိဘူး။ ငှက်ဖျားခံစားနေရသူတွေကလည်း ဆေးဝါးမလုံလောက်တာ ငွေကြေးမတတ်နိုင်တာတွေ နောက်ပြီး အဲဒီမှာ ဆေးဝါးကုသပေးနေတဲ့သူတွေကလည်း မရှိကြတော့ ဒေသခံတွေအနေနဲ့ အရေးပေါ် လိုအပ်နေကြတယ်” လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်၊ သဲကုန်းကျေးရွာက မူလတန်းပြကျောင်းဆရာတစ်ဦးဟာ ဧပြီလ ၃၀ ရက်နေ့မှာ ငှက်ဖျားကြောင့် ကွယ်လွန်ခဲ့ရတာလို့သိရပြီး ၎င်းမှာ ကျန်ရစ်ခဲ့တဲ့ သားသမီး ၄ ဦးရှိတယ်လို့လည်း သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “လက်ရှိမှာလည်း ငှက်ဖျားဖြစ်နေကြတယ် နောက်ပြီး အဲဒီဒေသတွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ မရကြဘူး။ အင်တာနက်လိုင်းရဖို့ ၅ ရက်ကြာ ခြေကျင်သွားနေကြရတယ်။ လက်ရှိ နောက်ဆုံးသိရသလောက် ၅ ယောက်လောက် ဆေးကုသနေရတယ်။ အဲဒီထဲမှာ ၁ ယောက်က စောင့်ကြည့်ရတဲ့ အနေထား။ တစ်ယောက်တော့ သေဆုံးလူနာဖြစ်ပြီပေါ့လေ။ ကျန်တဲ့ဒေသခံတွေရော ဘယ်လိုဖြစ်နေကြလဲဆိုတာ အချက်အလက် မကောက်နိုင်ကြသေးတဲ့အတွက် သေချာမသိရသေးဘူး” လို့ ပြောပါတယ်။

Most read this week

January 31, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်၊ ငါန်ဇောလ်( Nganzawl) ကျေးရွာကို ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့...
January 30, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်ြ Sunthla ကျေးရွာကို စစ်ကော်မရှင်က မနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ညက...
January 29, 2026
ဇန်နဝါရီလ ၂၅ ရက်နေ့က တီးတိန်မြို့နယ် New Suangpi ရွာမှာ စစ်ရှောင်ရာကနေ နေအိမ်ကို စောင့်ကြည့်ဖို့...
January 28, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို အင်အားဖြည့်ဖို့...