ပလက်ဝမြို့နယ်က ကျေးရွာတချို့မှာ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးမရှိ၊ ကုသပေးမဲ့သူမရှိလို့ သေဆုံးသူရှိလာ

ပလက်ဝမြို့နယ်က ကျေးရွာတချို့မှာ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးမရှိ၊ ကုသပေးမဲ့သူမရှိလို့ သေဆုံးသူရှိလာ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တပ်ချောင်းအုပ်စု၊ လန်ဒန်အုပ်စုက ကျေးရွာပေါင်း ၁၂ ရွာလောက်မှာ လွန်ခဲ့တဲ့ မတ်လကနေစပြီး ငှက်ဖျားရောဂါ အဖြစ်များနေကာ ဒေသခံတွေအနေနဲ့ ဆေးဝါးလုံလောက်မှုမရှိတာ၊ ကုသပေးမဲ့သူတွေမရှိတာတွေအပြင် ငွေကြေးအခက်အခဲတွေကြောင့် ငှက်ဖျားဖြစ်ပြီး သေဆုံးတဲ့အထိ ရှိလာတယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝဒေသခံ ဒေသခံတစ်ဦးက “ပလက်ဝမြို့နယ်မှာ ငှက်ဖျားဖြစ်တာက ကြာပြီ လွန်ခဲ့တဲ့ မတ်လကနေ  စတာပေါ့။ အသက် ၃၅ ဝန်းကျင်ရှိတဲ့ ဆရာတစ်ယောက် ဆုံးသွားတာလည်း ရှိတယ်။ ငှက်ဖျား သီးသန့်မကုနိုင်လို့  အခုလက်ရှိ အရေးပေါ်ကြုံနေရတယ်ပေါ့။ ဆေးဝါးလုံလောက်မှုမရှိဘူး။ ငှက်ဖျားခံစားနေရသူတွေကလည်း ဆေးဝါးမလုံလောက်တာ ငွေကြေးမတတ်နိုင်တာတွေ နောက်ပြီး အဲဒီမှာ ဆေးဝါးကုသပေးနေတဲ့သူတွေကလည်း မရှိကြတော့ ဒေသခံတွေအနေနဲ့ အရေးပေါ် လိုအပ်နေကြတယ်” လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်၊ သဲကုန်းကျေးရွာက မူလတန်းပြကျောင်းဆရာတစ်ဦးဟာ ဧပြီလ ၃၀ ရက်နေ့မှာ ငှက်ဖျားကြောင့် ကွယ်လွန်ခဲ့ရတာလို့သိရပြီး ၎င်းမှာ ကျန်ရစ်ခဲ့တဲ့ သားသမီး ၄ ဦးရှိတယ်လို့လည်း သိရပါတယ်။

ပလက်ဝဒေသခံတစ်ဦးက “လက်ရှိမှာလည်း ငှက်ဖျားဖြစ်နေကြတယ် နောက်ပြီး အဲဒီဒေသတွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ မရကြဘူး။ အင်တာနက်လိုင်းရဖို့ ၅ ရက်ကြာ ခြေကျင်သွားနေကြရတယ်။ လက်ရှိ နောက်ဆုံးသိရသလောက် ၅ ယောက်လောက် ဆေးကုသနေရတယ်။ အဲဒီထဲမှာ ၁ ယောက်က စောင့်ကြည့်ရတဲ့ အနေထား။ တစ်ယောက်တော့ သေဆုံးလူနာဖြစ်ပြီပေါ့လေ။ ကျန်တဲ့ဒေသခံတွေရော ဘယ်လိုဖြစ်နေကြလဲဆိုတာ အချက်အလက် မကောက်နိုင်ကြသေးတဲ့အတွက် သေချာမသိရသေးဘူး” လို့ ပြောပါတယ်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...