ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်း ပြတ်တောက်နေတာ ၁၀ လပြည့်ပြီ

ကချင်ပြည်နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်း ပြတ်တောက်နေတာ ၁၀ လပြည့်ပြီ

ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနားမြို့အပါအဝင် မြို့အများပိုင်းမှာ ဖုန်းနဲ့အင်တာနက်လိုင်းပြတ်တောက်နေတာ ဒီကနေ့နဲ့ဆို ၁၀ လပြည့်ပြီဖြစ်ပါတယ်။

ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အတွက် သတင်းအချက်အလက်ရယူမှုတွေနဲ့ သတင်းအချက်အလက်မျှဝေမှုတွေ ဆုံးရှုံးနေရတယ်လို့ သတင်းအယ်ဒီတာ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အင်တာနက်တွေ ဖုန်းလိုင်းတွေ မရတော့ ပြည်သူလူထု သတင်းသိပိုင်ခွင့်ဆုံးရှုံးတယ်။ ဝေးလံခေါင်ဖျားတဲ့ နေရာကသတင်းတွေ ဥပမာပြောရရင် မတရားရွေတူးတာတို့ ဒီလိုသတင်းတွေကို လိုက်တဲ့အခါမှာ ဖုန်းနဲ့အင်တာနက်လိုင်းမရှိတော့ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်တွေက ဆုံးရှုံးသွားတယ်" လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်တာ အချိန်ကြာလာပြီဖြစ်ပြီး လုံလုံခြုံခြုံနဲ့ ဆက်သွယ်နိုင်ဖို့ ဖုန်းလိုင်းအော်ပရေတာတွေ ပြန်ဖွင့်စေချင်တယ်လို့ မြစ်ကြီးနားမြို့က အမျိုးသမီးတစ်ဦးက တောင်းဆိုပါတယ်။

“ဖုန်းလိုင်းအော်ပရေတာတွေကို ဖွင့်ပေးခိုင်းစေချင်ပါတယ်။ လူတိုင်းကလေ ကိုယ်ရှိတဲ့အိမ်ကနေ ကိုယ့်ရဲ့ဆွေမျိုးသူငယ်ချင်းတွေ မိသားစုတွေကို လုံလုံခြုံခြုံနဲ့ ပျော်ပျော်ရွှင်ရွှင် နဲ့ဆက်သွယ်နိုင်မယ်။ ကိုယ့်ရဲ့ ဖုန်းလိုင်းဒေတာဖွင့်ပြီးမှ သတင်းအချက်အလက်တွေကိုလည်း ကြည့်လို့ရတယ်” လို့ အထက်ပါ အမျိုးသမီးကပြောပါတယ်။

Star Link စက်တွေနဲ့ဖွင့်ထားတဲ့ အင်တာနက်ဆိုင်တွေမှာ သုံးမယ်ဆိုရင်လည်း နေ့စဥ်အလုပ်သွားရတဲ့တွက် ညပိုင်းရောက်မှာ အသုံးပြုရတဲ့အခါ လုံခြုံရေး စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

အဲဒီလို ဖုန်းလိုင်း ပြတ်တောက်နေတာကြောင့် ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုတွေ နှေးကွေးသွားသလို အင်တာနက်အသုံးပြုပြီး စီးပွားရှာသူတွေ ပညာသင်ကြားနေရသူတွေအတွက် အခက်အခဲတွေ ကြုံနေကြရတာပါ။

မြစ်ကြီးနားမြို့မှာ Star Link စတဲ့ Wifiစက်တွေ အသုံးပြုတဲ့သူတွေ များပြားလာတာကြောင့် တပ်ဆင်ထားတဲ့ဆိုင်တွေနဲ့ အိမ်တွေမှာ စစ်ကောင်စီတပ်က ရှောင်တခင် ဝင်ရောက်ရှာဖွေတာတွေနဲ့ စစ်ဆေးဖမ်းဆီးထားတွေလည်း ပြုလုပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဇူလိုင်လ ၂၁ ရက်နေကစပြီး မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ MPT၊ Ooredoo၊Mytelနဲ့ Atom ဖုန်းနဲ့ အင်တာနက်လိုင်းတွေ အကုန်ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...