ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီ ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီ ထပ်မံ ဗုံးကြဲတိုက်ခိုက်

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းကို မေလ ၁၄ ရက်နေ့ ည ၈ နာရီကျော်အချိန်မှာ စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ပေါင် ၅၀၀ ဗုံးနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း လူထိခိုက်မှုမရှိခဲ့ဘဲ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ပြည်သူတော့ မထိလိုက်ဘူး။ ဘန်ကောက်စစ်ရှောင်စခန်းကို ကြဲလိုက်တာ။ ကျောင်းဆောင်ကိုတော့ ထိတယ်။ စစ်ရှောင်နေအိမ် ၂ လုံးပျက်တယ်ပေါ့။ တစ်ကြိမ်တည်း ပေါင် ၅၀၀ လို့ ယူဆရတဲ့ ဗုံးနှစ်လုံးပေါ့ တပြိုင်တည်းကြဲလိုက်တာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက အဆိုပါ ဘန်ကောက်စစ်ရှောင်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ တစ်ကြိမ်၊ နိုဝင်ဘာလမှာ တစ်ကြိမ်နဲ့ ယမန်နေ့ မေလ ၁၄ ရက်နေ့မှာ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်အထိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

တိုက်ခိုက်မှုပြုလုပ်သွားတဲ့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မှာတော့ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီစာရင်းအရ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၁၁ ဦးရှိခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရသူတွေနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာလည်း ဖယ်ခုံအရှေ့ဖက်ခြမ်း တစ်နေရာကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းဆီကနေ သိရပါတယ်။

စစ်ကောင်စီဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်ကြေညာထားပေမဲ့ အခုလို အရပ်သားရှိရာ နေရာတွေကို နေ့စဥ် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုကြပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...