စနစ်ကျတဲ့ ကွပ်ကဲမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီက လုပ်ဆောင်လာတယ်လို့ IEC ပြော

စနစ်ကျတဲ့ ကွပ်ကဲမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီက လုပ်ဆောင်လာတယ်လို့ IEC ပြော

အာဏာသိမ်း စစ်ကောင်စီတပ်က မြန်မာနိုင်ငံအတွင်း စစ်ဖက်၊ အရပ်ဖက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာမှာ ယခင်တုန်းကလို ရမ်းသန်းပြုနေတာ မဟုတ်တော့ဘဲ အမိန့်ကွပ်ကဲရေးစနစ်နဲ့ စနစ်တကျ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာတာကိုတွေ့ရတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ – IEC ရဲ့ အတွင်းရေးမှူး (၂) ဦးဗညားက ပြောပါတယ်။

“တစ်ကယ့်ကို စနစ်ကျကျ စနစ်တကျကွပ်ကဲရေးနဲ့ အမိန့်ပေးစနစ်တွေနဲ့ မြေပြင်ရဲ့ ဝေဟင် ထောက်လှမ်းရေးသတင်းတွေကို အခြေခံပြီးတော့မှ operation (စစ်ဆင်ရေး) စလုပ်နေပြီပေါ့နော။ သိသလောက်ကတော့ နှစ်လ သုံးလ အထဲမှာ ဆက်တိုက်လုပ်သွားမယ်လို့တော့ အကြမ်းဖျင်းသိထားတယ်” လို့ ဦးဗညားက ပြောပါတယ်။

ယခင်ကတည်းက စာသင်ကျောင်းနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်အတွင်းမှာတော့ စီးပွားရေးလုပ်ငန်းရှိတဲ့နေရာတွေ၊ အရပ်သား သွားလာလှုပ်ရှားတဲ့ နေရာတွေကိုပါ ဦးတည်တိုက်ခိုက်လာတယ်လို့လည်း ဆိုပါတယ်။

ကရင်နီပြည်မှာ ဧပြီလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း IEC က ပြောထားပါတယ်။

သတ္တုတူးဖော်ရေးလုပ်ငန်း တွေရှိနေတဲ့ မော်ချီးဒေသကို မတ်လမှာ တကြိမ်၊ ဧပြီလမှာ ၂ ကြိမ်နဲ့ မေလ အတွင်းမှာ ၂ ကြိမ်၊ စုစုပေါင်း ၅ ကြိမ်ထိအောင် စစ်ကောင်စီက ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့တာပါ။

“မော်ချီးဒေသကို တိုက်ခိုက်တယ်ဆိုတာက အကြမ်းဖျင်းအားဖြင့်တော့ လူမှုစီးပွားရေးကို ဖျက်စီးလိုတဲ့ရည်ရွယ်ချက်ရှိတယ်” လို့ ဦးဗညားက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံကြည့်လိုက်ရင် စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ ဆက်စပ်တဲ့နေရာ၊ လူမှုဝန်ဆောင်မှုလုပ်ငန်းတွေရှိတဲ့နေရာနဲ့ လူမှုစီးပွားရေးအချက်အချာကျတဲ့ နေရာတွေကို ပိုမိုတိုက်ခိုက်လာတာကို တွေ့ရတယ်လို့လည်း ဦးဗညားက ဖြည့်စွက်ပြောပါတယ်။

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...