အင်းလေးကျေးရွာအချို့ အိမ်သာအခက်အခဲကြောင့် ဝမ်းရောဂါ စတင်ကြုံနေရ

အင်းလေးကျေးရွာအချို့ အိမ်သာအခက်အခဲကြောင့် ဝမ်းရောဂါ စတင်ကြုံနေရ

သျှမ်းပြည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာအချို့တွင် အိမ်သာအခက်အခဲကြောင့် ဝမ်းရောဂါခံစားနေရသူများ များပြားလာနေပြီး ဆရာဝန်နှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သတင်းရရှိသည်။

ယခု မေလ ပထမပတ်အတွင်း အင်းလေးဒေသအတွင်းရှိ လယ်သစ် (၃) ရွာတွင် လူဦးရေ (၆၀) ကျော်အထိ ဝမ်းရောဂါခံစားလာနေရကြောင်း အချို့အိမ်များတွင် မိသားစုလိုက်ဖြစ်ပွားနေသည့်အတွက် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း အင်းလေးဒေသအတွင်း သွားရောက်ကူညီပေးနေသည့် ညောင်ရွှေမြို့မှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“အဓိကပြဿနာက ဟိုတလောက မိုးရွာပြီးတော့ ရာသီဥတုပြန်ပူလာတော့ အစားအသောက်တွေ ကြာကြာအထားမခံတဲ့ပြဿနာနဲ့ ယင်လုံအိမ်သာကြောင့် ဖြစ်တာ၊ သောက်ရေအတွက်ကတော့ ရေစစ်ကန်တွေ ဝယ်ဖို့နေရာတွေရှိနေပါတယ်” ဟု ၎င်းအမျိုးသား ပြောသည်။

လက်ရှိတွင် ဝမ်းရောဂါဖြစ်ပွားသူဦးရေ ၆၀ ဝန်းကျင်ရှိလာသည့်အတွက် ရွာလုံးကျွတ်ဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် ဆေးဝါးကုသမှုများ အလျင်အမြန်လိုအပ်နေကြောင်း သိရသည်။

“ခုဖြစ်နေတာက အယောက် ၅၀ ကျော် ၆၀ နားဖြစ်လာတော့ ဒေသခံတွေက တရွာလုံးဖြစ်သွားမှာကြောက်လို့ ဆေးမြန်မြန်လာကုပေးဖို့ အကူအညီတောင်းဆက်သွယ်လာတာ” ဟု ၎င်းမှ ဆက်ပြောသည်။

လက်ရှိ လယ်သစ် (၃) ရွာတွင် ဝမ်းရောဂါအတွက် ကုသပေးနေသည့် ဆရာဝန်တစ်ယောက်သာရှိပြီး ဖြစ်ပွားသည့် လူဦးရေများပြားသည့်အတွက် ဓာတ်ဆားနှင့် ဆေးဝါးလိုအပ်ချက်များလည်း ရှိနေကြောင်းသိရသည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် အင်းလေးဒေသအတွင်း လူသေဆုံးမှုများနှင့် နေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့သည်။

လက်ရှိအချိန်အထိ ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များမှ  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသောလည်း ထိခိုက်ခဲ့သည့် ဧရိယာ ကြီးမားကျယ်ပြန့်ခြင်းတို့ကြောင့် အကူအညီများလည်း ဆက်လက်လိုအပ်နေဆဲဖြစ်သည်။

Most read this week

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...