၃ နှစ်ကျော်ကာလမှာ ဆေးဝါးလိုအပ်ချက်တွေက စိန်ခေါ်မှုဖြစ်လာတယ်လို့ KNA ဥက္ကဌဆို

၃ နှစ်ကျော်ကာလမှာ ဆေးဝါးလိုအပ်ချက်တွေက စိန်ခေါ်မှုဖြစ်လာတယ်လို့ KNA ဥက္ကဌဆို

လူထုတွေကို ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ကရင်နီသူနာပြုများအစည်းရုံး၊ KNA (Karenni Nurses Association) ဟာ ၃ နှစ်ကျော်ကာလအတွင်း ဆေးဝါးလိုအပ်ချက်တွေက စိန်ခေါ်မှု ဖြစ်လာတယ်လို့ KNA ဥက္ကဌက ပြောပါတယ်။

KNA ဟာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဖွဲ့စည်းထားတဲ့ မြို့နယ် ၁၀ ခုအတွင်းမှာ လူထုတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတာဖြစ်ပါတယ်။

“အလှူရှင်နှင့်သာ ရပ်တည်နေရတော့ လတ်တလောမှာ စိတ်ခေါ်မှု ရှိနေတာပါ။ ကျန်းမာရေးဝန်ဆောင်မှုပေးတာ၊ စွမ်းရည်မြှင့်တင်တာ၊ အသက်မွေးဝမ်းကြောင်းပညာပေးတာ၊ သစ်လွင်သူနာပြုမွေးထုတ်တာ၊ ဖယ်ဒရယ်ကျန်းမာရေးစနစ်ပံ့ပိုးတာ တိုးချဲ့တာ၊ ဆက်လုပ်ဆောင်သွားဖို့ရှိတယ်” လို့ KAN ဥက္ကဌက ပြောပါတယ်။

အလှူရှင်ရဲ့ ထောက်ပံ့ကူညီမှုနဲ့ ရပ်တည်နေရတာကြောင့် အလှုရှင်အဖွဲ့အစည်းရဲ့ ထောက်ပံ့မှု လျော့နည်းလာတာနဲ့အမျှ အခက်အခဲရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

KNA အနေနဲ့ မြို့နယ် (၁၀) ခုက လူဦးရေ တစ်သိန်းနှစ်သောင်းအထိ ကျန်းမာရေး ဝန်ဆောင်မှုကို ပေးနိုင်ခဲ့တာပါ။ ၃ နှစ်ကျော်ကာလအတွင်း အအေးမိ နှာစေး နဲ့ သွေးတိုးရောဂါ ခံစားရသူကို အများဆုံးတွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။

ကရင်နီသူနာပြုများအစည်းရုံး (KNA) ဟာ IEC နဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နေပါတယ်။ လွှမ်းခြုံထားတဲ့ မြို့နယ်အသီးသီးမှာ ကျန်းမာရေးဆေးပေးခန်း ၄၅ လုံးရှိပြီး ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကို လည်ပတ်နေပေမယ့် ဆေးဝါးလိုအပ်ချက်လည်း များပြားနေတယ်လို့ သိရှိရပါတယ်။

လူထုတွေကို ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့နေရာမှာ အရည်သွေးပြည့်မှီတဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ နဲ့ လူထုတွေပါဝင်တဲ့ ကျန်းမာရေးစနစ်ရရှိတဲ့အထိ ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။

ကရင်နီသူနာပြုများအစည်းရုံးကို ကရင်နီလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ဖို့၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ သူနာပြု ဆရာ၊ ဆရာမ ၁၆၀ ဦးနဲ့ စတင်ဖွဲစည်းခဲ့တာပါ။

လက်ရှိမှာ ကျန်းမာရေး ဝန်ထမ်း (၁၂၀) ဦးနဲ့ လည်ပတ်နေပေမယ့် ရေရှည်ရပ်တည်နိုင်ဖို့ ဆေးဝါးလိုအပ်ချက် များပြားနေတယ်လို့ သိရပါတယ်။

July 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း၌ ဇူလိုင်လ ၂၁ ရက်နေ့က နွားကျောင်းနေသည့် အမျိုးသားနှစ်ဦးကို...
July 20, 2026
ဒေသတွင်း တိုက်ပွဲများကြောင့် ကရင်နီပြည်၊ ဘောလခဲမြို့ပေါ်မှ တိမ်းရှောင်ခဲ့ရသည့်...
July 17, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်...
July 17, 2026
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့...