ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်မှာ စစ်ရေးတင်းမာ၊ ဒေသခံရွာသားတွေ လယ်ယာလုပ်ငန်းမဝင်နိုင်

ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်မှာ စစ်ရေးတင်းမာ၊ ဒေသခံရွာသားတွေ လယ်ယာလုပ်ငန်းမဝင်နိုင်

- ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာနဲ့ ဝါရာဇွပ်ကျေးရွာတစ်ဝိုက် စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့ ရွာနှစ်ရွာရဲ့ကြားမှာရှိနေတဲ့ကျေးရွာတွေက ဒေသခံတွေဟာ လယ်ယာလုပ်ငန်းဝင်ချိန်ရောက်ပေမဲ့ လုပ်ငန်းသွားလို့မရဘဲ အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

- တရုတ်ဖိအားကြောင့်  ကိုးကန့်တပ်ဖွဲ့ MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ လက်လွှဲလိုက်တာနဲ့တစ်ပြိုင်နက် စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နေပြီဖြစ်တာကြောင့် ဒေသခံပြည်သူတွေဟာ အရင်လို ဖိနှိပ်မှုကို ပြန်လည်ခံစားရမှာကို စိုးရိမ်တယ်လို့ ပြောဆိုနေကြပါတယ်။

- မိသားစုက ဆင်းရဲကြပ်တည်းတာကြောင့် ပညာရေးမှာ မထောက်ပံ့ပေးနိုင်ခဲ့ပေမဲ့ မိမိပညာရေးအတွက် အရှုံးမပေးဘဲ ကြိုးစားခဲ့တာကြောင့် ကချင်ပြည်နယ် တနိုင်းမြို့ကနေ ထိုင်းနိုင်ငံ အဆင့်မြင့် ချင်းမိုင်တက္ကသိုလ်မှာ ပညာသင်ဆုနဲ့ ကျောင်းတက်နေတဲ့ ကချင်အမျိုးသမီးလူငယ်တစ်ဦးရဲ့အကြောင်းကိုလည်း တင်ပြပေးမှာဖြစ်ပါတယ်။

Most read this week

August 14, 2026
- အာဏာသိမ်းစစ်တပ်ဟာ အခုနှစ်ကစတင်ပြီး ချင်း၊ ကချင်၊ စစ်ကိုင်းတို့မှာ double tap လို့ခေါ်တဲ့ “...
August 13, 2026
- ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ကလေးငယ်တွေ အရေပြားယားနာမှု ဆိုးဆိုးရွားရွား ဖြစ်ပွားနေပြီး...
August 13, 2026
- မြစ်ကြီးနားမြို့မှာ ဝက်တွေ ရုတ်တရက် အဖျားကြီးပြီး ဝမ်းပျက်ဝမ်းချုပ်တာတွေဖြစ်ကာ သေဆုံးတာတွေ...
August 12, 2026
- အပြည်ပြည်ဆိုင်ရာ အကူအညီတွေ ပိုမိုရရှိရေးနဲ့ ကရင်လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်...