ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်မှာ စစ်ရေးတင်းမာ၊ ဒေသခံရွာသားတွေ လယ်ယာလုပ်ငန်းမဝင်နိုင်

ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်မှာ စစ်ရေးတင်းမာ၊ ဒေသခံရွာသားတွေ လယ်ယာလုပ်ငန်းမဝင်နိုင်

- ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာနဲ့ ဝါရာဇွပ်ကျေးရွာတစ်ဝိုက် စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့ ရွာနှစ်ရွာရဲ့ကြားမှာရှိနေတဲ့ကျေးရွာတွေက ဒေသခံတွေဟာ လယ်ယာလုပ်ငန်းဝင်ချိန်ရောက်ပေမဲ့ လုပ်ငန်းသွားလို့မရဘဲ အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

- တရုတ်ဖိအားကြောင့်  ကိုးကန့်တပ်ဖွဲ့ MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ လက်လွှဲလိုက်တာနဲ့တစ်ပြိုင်နက် စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နေပြီဖြစ်တာကြောင့် ဒေသခံပြည်သူတွေဟာ အရင်လို ဖိနှိပ်မှုကို ပြန်လည်ခံစားရမှာကို စိုးရိမ်တယ်လို့ ပြောဆိုနေကြပါတယ်။

- မိသားစုက ဆင်းရဲကြပ်တည်းတာကြောင့် ပညာရေးမှာ မထောက်ပံ့ပေးနိုင်ခဲ့ပေမဲ့ မိမိပညာရေးအတွက် အရှုံးမပေးဘဲ ကြိုးစားခဲ့တာကြောင့် ကချင်ပြည်နယ် တနိုင်းမြို့ကနေ ထိုင်းနိုင်ငံ အဆင့်မြင့် ချင်းမိုင်တက္ကသိုလ်မှာ ပညာသင်ဆုနဲ့ ကျောင်းတက်နေတဲ့ ကချင်အမျိုးသမီးလူငယ်တစ်ဦးရဲ့အကြောင်းကိုလည်း တင်ပြပေးမှာဖြစ်ပါတယ်။

Most read this week

January 29, 2026
- ကရင်နီပြည် ဆိုမိုဖေစိုး‌လေးမြို့နယ်မှာ အရေပြားရောဂါ အဖြစ်များနေပြီး ကုသဖို့...
January 28, 2026
- စစ်ကော်မရှင်ဟာ စစ်ရှောင်စခန်းနဲ့ ပြည်သူလူထုတွေ သီးသန့်ရှိတဲ့နေရာတွေကို သိလျက်နဲ့...
January 28, 2026
- ဘုရားသုံးဆူ နယ်မြေထဲမှာ ကျားဖြန့်အဆောက်အဦတွေ ထွက်ပေါ်လာတယ်ဆိုတဲ့ သတင်းအပေါ် အဲဒီဒေသကို...
January 27, 2026
- ကျောက်ဖြူမှာ စစ်ကော်မရှင် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုမြင့်တက်လာနေပါတယ်။ -...