အညာဒေသတွင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်လာနိုင်ဟု ABSDF ဥက္ကဌပြော

အညာဒေသတွင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်လာနိုင်ဟု ABSDF ဥက္ကဌပြော

အညာဒေသဟု လူသိများသည့် မြန်မာပြည် အတွင်းပိုင်းဒေသများ၌ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောသည်။

၂၀၂၅ ခုနှစ်၏ အဓိက ပြည်တွင်း စစ်မျက်နှာပြင်မှာ အညာဒေသ ဖြစ်လာနိုင်သလို စစ်အာဏာရှင် ဖြုတ်ချရေးကို အဆုံးအဖြတ်ပေးနိုင်မည့် တိုက်ပွဲများလည်း ပေါ်ပေါက်လာနိုင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောသည်။

“ကျောင်းသားတပ်မတော်အနေနဲ့ ၂၀၂၅ ဟာ ကျနော်တို့ တိုင်းပြည်အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ အချိုးအကွေ့ကြီးတစ်ခုကို ပေးနိုင်တဲ့ ပိုင်းဖြတ်ချက်တစ်ခုကို ရောက်မယ့်အချိန်တစ်ခုလို့လည်း ကျနော်တို့ မြင်တယ်။ အဲဒီဟာနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမှာ ကျနော်တို့တတွေ အဓိက စစ်မျက်နှာဟာ ပြည်တွင်းစစ်မျက်နှာ ဖြစ်လာလိမ့်မယ်လို့ မြင်တယ်။ အဲတော့ ပြည်တွင်းစစ်မျက်နှာလို့ ပြောရင် အခုနကပြောတဲ့ ဧရာဝတီ ချင်းတွင်း မြေပြန့်ဒေသကြီးဟာ စစ်အာဏာရှင်စနစ်နဲ့ ပြည်သူလူထုနဲ့ တကယ့်ကို ရေထဲမိုးထဲ ကျနော်တို့ အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်”

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း စသည့် တိုင်းဒေသကြီးများမှာ အညာဒေသထဲတွင်ပါဝင်ပြီး အဆိုပါ တိုင်းဒေသကြီးများထဲ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည်ဟု ဆိုသည်။

လက်ရှိ ကျောင်းသားတပ်မတော် ABSDF အနေဖြင့် အညာဒေသထဲတွင် စစ်ရေးလှုပ်ရှားမှုရှိနေပြီး အဆိုပါ ဒေသအတွင်းက သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းပြီး စစ်အာဏာရှင်ကို တော်လှန်သွားမည်ဟု ဆိုသည်။

ရဲဘော်သံခဲက “ဒါကြောင့်မို့ အညာဒေသမှာ ရှိနေတဲ့ ဒီမိုကရေစီ အင်အားစုတွေ ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့မက ဒတ ကျောင်းသားတပ်မတော်ဟာ ရင်းရင်းနှီးနှီးလက်တွဲပြီး တိုက်ပွဲဝင်မှာဖြစ်သလို ကျနော်တို့ နားလည်ခဲ့တဲ့ နိုင်ငံရေးအသိတွေ ကျနော်တို့ နားလည်ခဲ့တဲ့ လူထုစည်းရုံးရေးအသိတွေ ကျနော်တို့ နားလည်ခဲ့တဲ့ စစ်ရေးအသိတွေကို ပေါင်းစပ်ဖလှယ်မယ်။ ကျနော်တို့ မျှဝေမယ်။ ကျနော်တို့ အတတ်နိုင်ဆုံး ကျနော်တို့ အားလုံးကြားမှာ ထိန်းညိပြီးတော့မှ အားလုံးစည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်နိုင်ဖို့အတွက် ကြိုးပမ်းသွားမယ်လို့ ဒီနေရာကနေပြီးမှ ပြောလိုပါတယ်” ဟု ဆက်ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် အညာဒေသတွင် စစ်တပ်၏ အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ရန်နှင့် ဒေသခံပြည်သူများကို အကာအကွယ်ပေးရန်ဆိုပြီး ဒေသအတွင်း၌ ကာကွယ်ရေးတပ်ဖွဲ့များ အများအပြား ပေါ်ပေါက်လာခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များရှိသကဲ့သို့ NUG လက်အောက်ကမဟုတ်သော ရပ်ရွာအခြေပြု ဒေသန္တရ ကာကွယ်ရေးတပ်များလည်း ပေါ်ပေါက်လာခဲ့ကြသည်။

တချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း မကြာခင်တွင် အထွေထွေ ထိုးစစ်ကြီးတစ်ရပ် ဆင်နွဲရန် ပြင်ဆင်နေသည်ဟု မတ်လကုန်ပိုင်းက ကျင်းပခဲ့သည့် သင်တန်းဆင်းပွဲတစ်ခုတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

March 13, 2026
ကချင်ပြည်၊ ဗန်းမော်မြို့နယ်နှင့် ရွှေကူမြို့နယ်ကြားရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်...
ဓါတ်ပုံ - AFP (ပုံဟောင်း)
March 12, 2026
မြန်မာ့ပြည်တွင်းစစ်ကို အမှန်တကယ် အဆုံးသတ်နိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်လာမှသာ...
March 11, 2026
ပဲခူးတိုင်း၊ ညောင်လေးပင်တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် ပြည်သူ ၃၀၀ ကျော်ကို PDF နှင့် KNLA...
March 10, 2026
ကရင်နီ (ကယား) ပြည်တွင် စက်သုံးဆီပြတ်လပ်မှု အကျပ်အတည်း ဆိုးရွားလာနေပြီး တစ်လီတာ ကျပ်တစ်သောင်းအထိ...