သိကျိတ်ကျေးရွာကို ဗုံးကြဲတဲ့ စစ်ကောင်စီက အပစ်ခတ်ရပ်စဲရေးပါ သဘောတူညီချက်ကို ချိုးဖောက်တာလို့ ကယန်းပြည်သစ်ပါတီပြော

သိကျိတ်ကျေးရွာကို ဗုံးကြဲတဲ့ စစ်ကောင်စီက အပစ်ခတ်ရပ်စဲရေးပါ သဘောတူညီချက်ကို ချိုးဖောက်တာလို့ ကယန်းပြည်သစ်ပါတီပြော

ရှမ်း-ကရင်နီ နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီက အပစ်ခတ်ရပ်စဲ‌ရေးပါ သဘောတူညီချက်ကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့ ကယန်းပြည်သစ်ပါတီက ဒီနေ့ ဧပြီ ၁၁ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။

မနေ့က ဧပြီလ ၁၀ ရက်နေ့မှာ ၂၅ ကြိမ်မြောက် ငွေရတု ကယန်းအမျိုးသားနေ့ကို ကယန်းအမျိုးသားခေါင်းဆောင်ကြီးလည်းဖြစ်၊ ကယန်းပြည်သစ်ပါတီ ဥက္ကဌကြီးလည်းဖြစ်တဲ့ ဦးရွှေအေး (ခ) ငိန်းကယန်းထန် နေရပ်ဖြစ်တဲ့ သိကျိတ်ကျေးရွာမှာ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်။

အခမ်းအနားအပြီး ညပိုင်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုကိုကျူးလွန်တဲ့အပြင် တိုင်းရင်းသား လူနည်းစုအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်တွေကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“ယခုကဲ့သို့ဖြစ်စဥ်မျိုး စစ်ကောင်စီအနေဖြင့် စစ်ရေးဆောင်ရွက်မှုမရှိသော တိုက်ပွဲဖြစ်ပွားခြင်းမရှိသော စစ်မဲ့ဇုန်ဖြစ်သည့် မိမိတို့ ကယန်းအမျိုးသားပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်း ဗုံးကြဲတိုက်ခိုက်ခြင်း၊ ကယန်းအမျိုးသား စာပေယဥ်ကျေးမှု ဝိသေသလက္ခဏာ အမျိုးသားရေးဆိုင်ရာများကို ဖော်ထုတ်လှုပ်ရှားမှုများကို အထက်ပါ ဖြစ်စဥ်မျိုး ထပ်မံကျူးလွန်ပါက ဖြစ်ပေါ်လာမည့် ကိစ္စရပ်အလုံးစုံကို မိမိတို့ ကယန်းပြည်သစ်ပါတီမှ တာဝန်ခံမည်မဟုတ်” လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

စစ်တပ်နဲ့ ကယန်းပြည်သစ်ပါတီတို့က ၁၉၄၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ အပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့တာဖြစ်ပါတယ်။

ခုလို အပစ်ခတ်ရပ်စဲစဉ်က သဘောတူညီချက်တွေကို အတိအလင်းချိုးဖောက်တာဖြစ်တဲ့အပြင် ငလျင်ဘေးအတွင်း စစ်ကောင်စီကိုယ်တိုင် ယာယီအပစ်ရပ်စဲကြောင်း ထုတ်ပြန်ချက်ကို ကိုယ်တိုင် ချိုးဖောက်ကျူးလွန်တာဖြစ်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားပါတယ်။

သိကျိတ်ကျေးရွာကို စစ်ကောင်စီက ပေါင် ၂၀၀ ဗုံး ၂ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ် ၃ လုံးပျက်စီးကာ လူ ၂ ဦး ထိခိုက်ခဲ့တာဖြစ်ပါတယ်။

အခမ်းအနားမှာ ကယန်းအမျိုးသားခေါင်းဆောင်ကြီးလည်းဖြစ်တဲ့ ဦးရွှေအေး (ခ) ငိန်းကယန်းထန် ကိုယ်တိုင် ပန္နရိုက်အုတ်မြစ်ချထားတဲ့ ကယန်းအမျိုးသားညီညွတ်ရေးကျောက်တိုင်ဖွင့်ပွဲကိုလည်း တစ်ပါတည်း ကျင်းပခဲ့တာဖြစ်ပါတယ်။

ကယန်းပြည်သစ်ပါတီက လက်ရှိဖြစ်ပေါ်နေတဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု အခင်းအကျင်းမှာ စစ်ကောင်စီကို တိုက်ခိုက်ကြောင်း တရားဝင် ထုတ်ဖော်ထားခြင်းမရှိပါဘူး။

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...